la liga

ဘယ်သူတွေ ဘယ်လောက်ပဲကြိုးစားကြိုးစား မက်ဆီကိုတော့ ဘယ်တော့မှမမီပါဘူး … (အေဗီလာ)

Goal Goal > May 12, 2020

ဘယ်သူတွေ ဘယ်လိုပဲကြိုးစားသည်ဖြစ်စေ မက်ဆီကိုတော့ ဘယ်တော့မှမီမှာမဟုတ်ဘူးလို့ အိုဆာဆူနာတိုက်စစ်မှူး အေဗီလာက သုံးသပ်သွားခဲ့ပါတယ်၊ လူတစ်ယောက်ဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့်လည်း မက်ဆီကိုမီဖို့ကတော့ ချွင်းချက်ပဲလို့ အေဗီလာက ဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေဗီလာဟာ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးတစ်ယောက် အရေးပေါ်ခေါ်ယူဖို့ လိုအပ်နေချိန်မှာ အေဗီလာကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပေမယ့် အဲဒီအချိန်မှာ အေဗီလာက ဒဏ်ရာပြဿနာရှိနေတဲ့အတွက် ဘရိတ်ဝိတ်ကို ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ သူ့အနေနဲ့ နောင်တစ်ချိန်ချိန်မှာ ဘာစီလိုနာကိုပြောင်းရွှေ့ဖြစ်ဖို့ မျှော်လင့်နေဆဲဖြစ်ပြီး မက်ဆီနဲ့ တွဲကစားခွင့်ရဖို့ဟာ သူ့ရဲ့အိပ်မက်ပဲလို့ အေဗီလာက ဆိုပါတယ်။
“လူတစ်ယောက်က ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် မက်ဆီကတော့ ချွင်းချက်ပါပဲ။ ဘယ်သူပဲ ဘယ်လိုပဲ ကြိုးစားသည်ဖြစ်စေ မက်ဆီကိုတော့ ဘယ်တော့မှ လိုက်မီနိုင်မှာ မဟုတ်ပါဘူး။ မာရာဒိုနာရဲ့ကစားပုံကို ကျွန်တော် ဟိုက်လိုက်တွေပဲကြည့်ဖူးပြီး မက်ဆီကိုတော့ အသေးစိတ် လိုက်ကြည့်ဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ မက်ဆီက နံပါတ်တစ်ပါပဲ။ မက်ဆီလိုကစားသမားမျိုး၊ ဆီမြူနီလိုနည်းပြမျိုးနဲ့ လက်တွဲခွင့်ရဖို့က ကစားသမားအများစုရဲ့အိပ်မက်ပါပဲ၊ ကျွန်တော့်မှာလည်း အဲ့လိုအိပ်မက်မျိုး ရှိပါတယ်” လို့ အေဗီလာက ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ တွဲကစားခွင့်ရဖို့ဟာ သူ့ရဲ့စိတ်ကူးယဉ်အိပ်မက် ဖြစ်ပေမယ့်လည်း လတ်တလောမှာတော့ အိုဆာဆူနာအသင်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားဦးမယ်လို့ အေဗီလာက ဆိုပါတယ်။