la liga

ဒီခြေစွမ်းအတိုင်းသာဆိုရင် ချန်ပီယံလိဂ်ဖလား ရမှာမဟုတ်ဘူးလို့ ဘာစီလိုနာအသင်းကို မက်ဆီ သတိပေး

Goal Goal > May 15, 2020

ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုရင် ခြေစွမ်းပိုင်းက ဒီထက်အများကြီး တိုးတက်လာဖို့လိုမယ်လို့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက သတိပေးလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး ဒီဖလားကို တစ်ကျော့ပြန်ဆွတ်ခူးဖို့ အားလုံးက ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့အသင်းဟာ နောက်ဆုံးနှစ်နှစ်ဆက် ချန်ပီယံလိဂ်ကနေ ရလဒ်ဆိုးတွေနဲ့ ထွက်ခွာခဲ့ရပါတယ်။ ၂၀၁၇-၁၈ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရိုးမားအသင်းကို ပထမအကျော့ အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ အဝေးကွင်းမှာ ၃-၀ နဲ့ ပြန်လည်ရှူံးနိမ့်ခဲ့ပြီး အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာလည်း လီဗာပူးကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့ပေမယ့် အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ ပြန်လည်ရှူံးနိမ့်သွားခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြန်ပါတယ်။
လက်ရှိခြေစွမ်းအတိုင်းသာဆိုရင် ဒီနှစ်လည်း ချန်ပီယံလိဂ်ဖလားရဦးမှာ မဟုတ်ဘူးလို့ လီယွန်နယ်မက်ဆီက ဆိုပါတယ်။
“လက်ရှိအသင်းရဲ့လူစာရင်းကို ကျွန်တော် သံသယမရှိပါဘူး။ ဒီလူဒီလူတွေနဲ့ ချန်ပီယံလိဂ်ဖလားရနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ကစားပုံလေးတော့ တိုးတက်လာဖို့လိုပါလိမ့်မယ်။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်နဲ့ တစ်နှစ်မှမလွဲခဲ့ပါဘူး။ အဲဒီအတွေ့အကြုံတွေအရ ကျွန်တော် သိနေတာက လက်ရှိခြေစွမ်းအတိုင်းသာဆိုရင် ကျွန်တော်တို့ ချန်ပီယံလိဂ်မရနိုင်ဘူး ဆိုတာပါပဲ။ ဒါကြောင့် ဒီထက်ပိုတိုးတက်လာအောင် အားလုံးကြိုးစားကြရပါမယ်” လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။