myanmar

မိမိကို ထိအောင်သာထိုးပါဟု UFC ဖိုက်တာကို ဒေ့ဗ် တုံ့ပြန်

Goal Goal > July 27, 2019

မြန်​မာ့ရိုးရာလက်​​ဝှေ့ချန်​ပီယံ က​နေဒါနိုင်​ငံသား ​ဒေ့ဗ်​လက်​ဒက်​ (ခ) ဒေဝဟာ World Lethwei Championship (WLC) ရဲ့ WLC : KING OF NINE LIMBS ပွဲစဉ်​မှာ အ​မေရိကန်​နိုင်​ငံသား UFC ဖိုက်​တာ ဆက်သ်ဘာဇင်စကီးနဲ့ ယှဉ်​ပြိုင်​ထိုးသတ်​သွားမှာဖြစ်​ပါတယ်​။ ​ဒေဝလို့ မြန်​မာနာမည်​​ပေးထားတဲ့ ​ဒေ့ဗ်​ဟာ WLC နဲ့ စာချုပ်​ချုပ်​ဆိုအပြီးမှာ လာမယ့်​ သြဂုတ်​လ ၂ ရက်​ ည​နေကျရင်​ မန္တ​လေးမြို့က မန္တလာသီရိအားကစားရုံမှာ ကျင်းပ​တော့မယ့်​ပွဲမှာ ဘာဇင်​စကီးနဲ့ ပထမဆုံးအကြိမ်​ ရင်​ဆိုင်​သွားမှာပါ။ သူတို့နှစ်​​ယောက်​ရဲ့ပွဲဟာ WLC သမိုင်းတစ်​​လျှောက်​ ပထမဆုံးအကြိမ်​ ထည့်​သွင်းကျင်းပတဲ့ ခရူဆာဝိတ်​ချန်​ပီယံခါးပတ်​ပွဲစဉ်​ (၇၉ ကီလိုမှ ၈၄ ကီလိုကြား) လည်း ဖြစ်​ပါတယ်​။>မြန်​မာ့ရိုးရာလက်​​ဝှေ့​ကျော်​ ထွန်းထွန်းမင်းကို အနိုင်​ယူဖူးသလို တူးတူးကိုလည်း အစီးသ​ရေထိုးသတ်​ထားတဲ့​ဒေ့ဗ်​ဟာ အသက်​ ၂၈ နှစ်​အရွယ်​ရှိပြီး ထိုင်းနိုင်​ငံမှာ မွေထိုင်းပွဲပေါင်းများစွာ ထိုးသတ်​ခဲ့ပြီးမှ ​ခေါင်းတိုက်​သတ်​ကွက်​ကို အသုံးပြုလို့ရတဲ့ ကမ္ဘာ့အကြမ်းတမ်းဆုံး ကိုယ်​ခံပညာရပ်​လို့​ခေါ်နိုင်​တဲ့ မြန်​မာ့ရိုးရာလက်​​ဝှေ့ကို ​ပြောင်းလဲထိုးသတ်​​နေသူပါ။ သူဟာ အရပ်​ ၆ ​ပေ၊ ၂ လက်​မမြင့်​ပြီး ၁၀ ပွဲ ထိုးသတ်​ထားရာမှာ ရှုံးပွဲမရှိဘဲ ၄ ပွဲနိုင်​​၊ ၆ ပွဲသ​ရေကျထားပါတယ်​။ ဘာဇင်​စကီးက​တော့ အသက်​ ၃၈ နှစ်​၊ အရပ်​ ၆ ​ပေ၊ ၃ လက်​မမြင့်​ပြီး UFC ၁၁ ပွဲထိုးသတ်​ခဲ့ရာမှာ မက်​ဘ​ရောင်း၊ နေးလ်မက်ဂ်နီတို့လို ထိပ်​တန်းကစားသမား​တွေကို အနိုင်​ရထားပါတယ်​။ နှစ်​​ယောက်​စလုံးဟာ WLC ပွဲဦးထွက်အဖြစ်​ ယှဉ်​ပြိုင်​သွားမှာဖြစ်​ပြီး ဒီ​နေ့ပြုလုပ်​တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘာဇင်​စကီးက တံတောင်ရိုက်ချက်​နဲ့ အနိုင်​ထိုးမယ်​ဆိုတဲ့ ​ပြောကြားမှု​အ​ပေါ် ​ဒေ့ဗ်​က ရယ်​​မောခဲ့ပြီး သူ့ကို ထိ​အောင်​ ထိုးနိုင်အောင်​သာ ကြိုးစားပါလို့ တုံ့ပြန်​လိုက်​ပါတယ်​။ပြိုင်​ဘက်​ဖြစ်​သူရဲ့​ ပြောကြားမှုနဲ့ ပတ်​သက်​ပြီး  ဒေ့ဗ်​က ” သူက​တော့ ​ပြောမှာပါပဲ။ ဒါ​ပေမဲ့ ကျွန်​​တော့်​ကို ထိ​အောင်​ထိုးနိုင်​ဖို့သာ အရင်​ဆုံးကြိုးစားပါလို့ ပြောချင်တယ်​။ ဘာဇင်​စကီးက ကျွန်​​တော့်​ထက်​ အ​တွေ့အကြုံပိုင်း​ရော၊ အသက်​အရွယ်​ပိုင်းမှာပါ ပိုသာပါတယ်။ ဒါ​ပေမဲ့ ဒီအချက်​​တွေကို ကျွန်​​တော်​က ​ကြောက်​​နေမယ့်​လူ​တော့ မဟုတ်​ဘူး။ မြန်မာ့ရိုးရာလက်ဝှေ့ဟာ ကမ္ဘာ​ပေါ်မှာ အကြမ်းတမ်းဆုံးအားကစားဖြစ်​ပြီး UFC ဖိုက်​တာ အများစုက​တောင်​မယှဉ်​ပြိုင်​ချင်​လို့ ငြင်းခဲ့ကြတာပါ။ ဒါ​ပေမဲ့ ဘာဇင်​စကီးက ရိုးရာလက်​​ဝှေ့စည်းမျဉ်းနဲ့ ကျွန်​​တော့်​ကို ရင်​ဆိုင်​ဖို့  ဆုံးဖြတ်​လိုက်​တာက သူ သတ္တိ​ကောင်းတယ်​ဆိုတာကို ပြသလိုက်​တာပါ။ ဒါကို ကျွန်​​တော်​​ လေးစားပါတယ်​။ ကျွန်​​တော့်​နည်းပြက ပွဲချိန်​ကြာ​လေ​လေ ထိခိုက်​ဒဏ်​ရာရမှု များနိုင်​​လေ​လေမို့ ပွဲကို အမြန်​ဖြတ်​​စေချင်​ပါတယ်​။ ဒါ​ကြောင့်​ ကျွန်​​တော်​ သူ့ကို ပထမအချီအတွင်း အနိုင်​ထိုးသွားမှာပါ ” လို့ ​ပြောပါတယ်​။ဒါ့အပြင်​ မြန်မာ့ရိုးရာလက်​​ဝှေ့နဲ့ မြန်​မာ့ရိုးရာဓ​လေ့စရိုက်​​တွေကို နှစ်​သက်​တာ​ကြောင့်​ မင်္ဂလာပွဲကို​တောင်​ မြန်​မာဓ​လေ့ ထုံးတမ်းစဉ်​လာအတိုင်း ကျင်းပခဲ့တဲ့​ ဒေ့ဗ်​က WLC ခရူဆာဝိတ်​ခါးပတ်​ကို ရယူသွားမယ်​လို့ ဆိုပါတယ်​။ ” သြဂုတ်​လ ၂ ရက်​ကျရင်​ ကျွန်​​တော်​ဟာ မြန်​မာ့လက်​​ဝှေ့ ကမ္ဘာ့ချန်​ပီယံအဖြစ်​ ဂုဏ်​ယူစရာ​ကောင်းတဲ့ WLC ခရူဆာဝိတ်​ခါးပတ်​ ရယူမှာပါ။ အဲဒါက ကျွန်​​တော့်​စိတ်​ထဲစွဲ​နေလို့ ခါးပတ်​အ​ကြောင်း အိပ်​မက်​ပါမက်​တယ်​။ စိန်စီထားတဲ့​ ရွှေ​ရောင်​ခါးပတ်​ အရမ်းလှလွန်း​တယ်​။ ကျွန်​​တော့်​ခါးမှာဆို အရမ်းကြည့်​​ကောင်း​နေမှာ။ အဲဒီခါးပတ်​ကိုရဖို့ UFC ဖိုက်​တာကို ​ခေါင်းတိုက်​​ခေါင်းရိုက်​ပြီး အလဲထိုးဖို့ပဲလိုပါတယ်​ ” လို့ ပြောပါတယ်။သြဂုတ်​လ ၂ ရက်​​၊ ည​နေ ၅ နာရီခွဲအချိန်​ စတင်​ကျင်းပမယ့်​ WLC: KING OF NINE LIMBS ပြိုင်​ပွဲကြီးမှာ ​ဒေ့ဗ်​နဲ့ ဘာဇင်​စကီးတို့ရဲ့အဓိကတွဲဆိုင်းအပြင်​ အာတာဆာလာဒိုက်​ (ပိုလန်​) နဲ့ ဆာရှာမွိုင်ဆာ (ယူကရိန်း)၊ မိုက်​ရိုင်း (မြန်​မာ) နဲ့ အို​တော့ပ်​ (ထိုင်း)၊ ငုရင်​ထရန်​ဒိုင်​နက်​ (ဗီယက်​နမ်​) နဲ့ အီဇက်ဆာကီ (မ​လေးရှား)၊ ဟိန်းထွန်း​အောင်​ (မြန်​မာ) နဲ့ လင်းထက်​​အောင်​ (မြန်​မာ)၊ ထက်​နိုင်​​အောင်​ (မြန်မာ) နဲ့ စိုင်း​မောင်​​မောင်​ (မြန်​မာ)၊ ပိုင်​သက်​​အောင်​ (မြန်​မာ) နဲ့ ​အောင်​ပိုင်​ (မြန်​မာ)၊ ​စောအယ်​ကလူး (မြန်မာ) နဲ့ ​စောလင်းလင်း (မြန်​မာ) တို့ တွဲဆိုင်း​တွေအပြင်​ အမျိုးသမီးတွဲဆိုင်းအဖြစ်​ ဆိုရစ်​မန်​ဖရက်​ဒီ (ပြင်သစ်​) နဲ့ အဲယာနက်​ (က​မ္ဘောဒီးယား) တို့ ပွဲစဉ်​လည်း ပါဝင်​ပါတယ်​။ WLC: KING OF NINE LIMBS ပွဲစဉ်​ကို CANAL + နဲ့ UFC Fight Pass ရုပ်​သံလိုင်း​တွေက​နေ တိုက်​ရိုက်​ထုတ်​လွှင့်​ ပြသ​ပေးသွားမှာပါ။