myanmar

UFC ဖိုက်တာကို အလဲထိုးပြီး WLC ခရူဆာဝိတ်ရွှေခါးပတ်ဆုကို ဒေ့ဗ် ရယူ

Goal Goal > August 3, 2019

WLC ရဲ့ ၉ ကြိမ်​​မြောက်​ပွဲစဉ်​ဖြစ်​တဲ့ WLC : KING OF NINE LIMBS ပြိုင်​ပွဲကို မနေ့က မန္တ​လေးမြို့က မန္တလာသီရိ အားကစားပြိုင်​ပွဲရုံတွင် ကျင်းပခဲ့ရာမှာ အဓိကပွဲကြီးအဖြစ်​ UFC ဖိုက်​တာ ဆက်​သ်​ဘာဇင်​စကီးနဲ့ မြန်​မာ့ရိုးရာလက်​​ဝှေ့ချန်​ပီယံ ​ဒေ့ဗ်​တို့ယှဉ်​ပြိုင်​ခဲ့ရာမှာ ​ဒေ့ဗ်​က ဒုတိယအချီ ၂ မိနစ်​၊ ၄ စက္ကန့်​မှာပဲ ဒိုင်​ပွဲရပ် အနိုင်ရခဲ့ပါတယ်​။

ဒီပြိုင်​ပွဲကို စုစု​ပေါင်း ပွဲစဉ်​ ၇ ပွဲနဲ့ ကျင်းပခဲ့ပြီး ​နောက်​ဆုံးပွဲစဉ်​မှာ​တော့ ​ဒေ့ဗ်​က ပထမအချီမှာပဲ အမေရိကန်နိုင်ငံသား ဘာဇင်​စကီးကို ညာလက်​သီးချက်​နဲ့တစ်​ကြိမ်​၊ ဘယ်​လက်​သီးချက်​နဲ့တစ်​ကြိမ်​ ကြမ်းပြင်ပေါ် လဲကျ​စေခဲ့ပါတယ်​။

ဒေ့ဗ်​ဟာ တံ​တောင်​ရိုက်​ချက်​နဲ့ အနိုင်​ယူမယ်​လို့​ ပြောထားတဲ့အတိုင်း တံ​တောင်​ရိုက်​ဖို့ ကြိုးစားခဲ့တာ​ တွေ့ရပြီး ဘာဇင်​စကီးက​တော့ ဒုတိယအချီမှာ မာန်​တင်းပြီး လိုက်​ထိုး​ပေမယ့်​ မြန်​မာနဲ့ က​နေဒါ နှစ်​နိုင်​ငံကိုယ်​စားပြု ဒေ့ဗ်ကို ပြင်းပြင်းထန်​ထန်​ မထိခဲ့ပါဘူး။

ဒါ​ပေမဲ့လည်း ​ဒေ့ဗ်​ရဲ့ဘယ်​လက်​သီးတစ်​လုံးက ဘာဇင်​စကီးရဲ့ နားထင်ကိုထိခဲ့ပြီး ​နားထဲက​ သွေး​တွေ ထွက်ခဲ့သလို ထပ်​ခါထပ်​ခါ လဲကျ​ကာ တစ်​ချီတည်းမှာတင်​ အမှတ်​စဉ်​ ၃ ကြိမ်​အထိ​ ရေခံရတာ​ကြောင့်​ ရှုံးနိမ့် ခဲ့ပါတယ်​။