myanmar

ဂျူနီယာအောင်လ လာပြီ

Goal Goal > August 9, 2019

ONE Championship ပြိုင်​ပွဲရဲ့မစ်​ဒယ်​ဝိတ်​နဲ့ လိုက်​ဟဲဗီးဝိတ်​တန်း ကမ္ဘာ့ချန်​ပီယံ ​အောင်​လအန်​ဆန်​က သူ့ရဲ့သားငယ်​​လေး ​အောင်​ဒီးဟာ ကြိုးဝိုင်းထဲမှာ ယှဉ်​ပြိုင်​ဖို့ အဆင်​သင့်​ဖြစ်​​နေပြီလို့ထင်​​ကြောင်း facebook အကောင့်​က​နေ ​ပြောလိုက်​ပါတယ်​။ ​အောင်​လရဲ့သား​လေး ​အောင်​ဒီးဟာ ဘရာဇီးလ်​ဂျူ ဂျစ်​ဆုကစားနည်းကို ဆရာဖြစ်​သူနဲ့ စနစ်​တကျ သင်​ယူ​နေတာကို ​အောင်​လက ရင်​ဖွင့်​ခဲ့တာပါ။ ဒါ့အပြင်​ ​အောင်​လက က​လေး​တွေ ကိုယ့်​ကိုယ်​ကိုယ်ာကွယ်​နိုင်​ဖို့အတွက်​ မြန်​မာနိုင်​ငံမှာ ကိုယ်​ခံပညာ​ကျောင်း​လေး ဖွင့်​ချင်​တယ်​လို့လည်း ဆိုပါတယ်​။

အောင်​လက သူ့ရဲ့ facebook အ​ကောင့်​က​နေ မြန်​မာ၊ အင်္ဂလိပ်​ နှစ်​ဘာသာနဲ့​ ရေးထားတာ ဖြစ်​ပါတယ်​။ ​အောင်​လဟာ လာမယ့်​ ​အောက်​တိုဘာ ၁၃ ရက်​ကျရင်​ ဂျပန်​နိုင်​ငံ၊ တိုကျိုမှာ ပြုလုပ်​မယ့်​ ONE: CENTURY ပြိုင်ပွဲမှာ လိုက်​ဟဲဗီးဝိတ်​ချန်​ပီယံခါးပတ်​ ကာကွယ်​ပွဲအဖြစ်​ ဟဲဗီးဝိတ်​ချန်​ပီယံ ဖိလစ်ပိုင်ဖိုက်တာ ​​​ဘရန်​ဒန်​ဗီရာနဲ့ ယှဉ်​ပြိုင်​ထိုးသတ်​သွားမှာ ဖြစ်​ပါတယ်​။ ဒီပွဲအတွက်​လည်း ​အောင်​လဟာ ​လေ့ကျင့်​မှု​တွေကို အ​ကောင်းဆုံး လုပ်ဆောင်​​နေပါတယ်​။

အောင်​လ ​ရေးသားထားတာက​တော့ –

” ကျွန်တော့်သားလေး … ပြိုင်ပွဲကြိုးဝိုင်းထဲမှာ! … ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် အသင့်ဖြစ်နေပြီလို့ ထင်တယ်! သူ့ရဲ့ BJJ သင်ယူမှုကို နည်းပြ Bruna ” Durinho ” Burns နဲ့ စတင်နေပါပြီ … တချိန်ချိန်မှာ မြန်မာနိုင်ငံမှာ 🇲🇲 လည်း ကလေးတွေ 🥋  စည်းကမ်းပြည့်ဝပြီး နာခံမှုရှိစွာနဲ့, အချင်းချင်း လေးစားမှုရှိဖို့, သင်ယူမှုတွေကို အာရုံစိုက်တတ်ဖို့, မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် … လုံခြုံကောင်းမွန်တဲ့ ကိုယ်ခံပညာ သင်တန်းကျောင်းလေးတစ်ခု ဖွင့်ချင်ပါတယ် ”

“I think he’s ready to fight in the cage!  Started his BJJ journey with Bruna “Durinho” Burns.  One day, I want to start a kids Martial Arts🥋 program in Myanmar 🇲🇲, where kids can safely learn discipline, focus, respect and how to defend themselves.”

Photo Credit – Aung La Nsang facebook