myanmar

စိန်​​ခေါ်သူများအနက်​ ထွန်းထွန်းမင်းကို ငြင်းပယ်​ပြီး တူးတူးနှင့်​ ထိုးလိုဟု ​ဒေ့ဗ်​ တုံ့ပြန်

Goal Goal > August 11, 2019

WLC ခရူဆာဝိတ်​တန်း ကမ္ဘာ့ ချန်​ပီယံခါးပတ်​ကို ပူပူ​နွေး​နွေးရရှိထားသူ က​နေဒါလက်​​ဝှေ့ကျော်​ ​ဒေ့ဗ်​လက်​ဇု(ခ)​ဒေဝက သူနဲ့ထိုးသတ်​ဖို့ စိန်​​ခေါ်ထားတဲ့သူ​တွေအနက်​ ထွန်းထွန်းမင်းကို ငြင်းပယ်​ပြီး တူးတူးနဲ့ထိုးချင်​တယ်​လို့​ပြောလိုက်​ပါတယ်​။ အသက်​ ၂၇ နှစ်​အရွယ်​ မြန်​မာ့ရိုးရာလက်​​ဝှေ့ချန်​ပီယံ​ ဒေ့ဗ်​ဟာ သြဂုတ်​လ ၂ ရက်​က မန္တ​လေးမှာပြုလုပ်​တဲ့ WLC: KING OF NINE LIMBS ပြိုင်​ပွဲမှာ UFC ဖိုက်​တာ ဆက်​သ်​ဘာဇင်​စကီးကို ဒုတိယအချီမှာ အနိုင်​ယူပြီး WLC ခရူဆာဝိတ်​ကမ္ဘာ့ချန်​ပီယံခါးပတ်​ကို ရယူထားပါတယ်​။ ​ထိုင်းနိုင်​ငံမှာရှိ​နေစဉ်​ ​မွေထိုင်းကစားသမား​တွေနဲ့ ပွဲ​ပေါင်းများစွာယှဉ်​ပြိုင်​ထားတဲ့ ​ဒေဝဟာ ​ခေါင်းတိုက်​သတ်​ကွက်​ပါဝင်​တဲ့ မြန်​မာ့ရိုးရာလက်​​ဝှေ့ကို ချစ်​မြတ်​နိုးတာ​ကြောင့်​ မြန်​မာနိုင်​ငံကိုလာ​ရောက်​ကာ ရိုးရာလက်​​ဝှေ့ပွဲ​တွေ ယှဉ်​ပြိုင်​ခဲ့ပါတယ်​။အရပ်​ ၆ ​ပေ၊ ၂ လက်​မမြင့်​တဲ့ ​ဒေဝဟာ ၂၀၁၆ ခုနှစ်​၊ သြဂုတ်​လ ၂၁ ရက်​က ရန်​ကုန်​မှာပြုလုပ်​တဲ့ ၂၀၁၆ မြန်​မာ့လက်​​ဝှေ့ကမ္ဘာ့ ချန်​ပီယံရှစ်​ပြိုင်​ပွဲမှာ ရိုးရာလက်​​ဝှေ့​ကျော်​ တူးတူးကို အစီးသ​ရေထိုးသတ်​ကာ ပြိုင်​ဘက်​​တွေကို သတိ​ပေးခဲ့ပါတယ်​။ ဒီ​နောက်​ ၂၀၁၆ ​အောက်​တိုဘာ ၉ ရက်​ကပြုလုပ်​တဲ့ GTG Lethwei World Challenge ပြိုင်​ပွဲမှာ မြန်​မာပြည်​ချန်​ပီယံ ထွန်းထွန်းမင်းကို အစီးသ​ရေထိုးသတ်​ခဲ့သလို ဒီဇင်​ဘာ ၁၁ ရက်​ကပြုလုပ်​တဲ့ 2016 Air KBZ Aung Lan Championship ပြိုင်​ပွဲမှာ​တော့ ထွန်းထွန်းမင်းကို တတိယအချီမှာ အနိုင်​ယူကာ မြန်​မာ့ရိုးရာလက်​​​ဝှေ့ချန်​ပီယံဖြစ်​ခဲ့ပါတယ်​။ ဒီ​နောက်​ပိုင်း ဂျပန်​မှာပြုလုပ်​တဲ့ပွဲစဉ်​​တွေမှာ ဖိုး​ကေနဲ့​မွေထိုင်းကစားသမားတို့ကို အနိုင်​ရခဲ့ပါတယ်​။၂၀၁၈ ခုနှစ်​၊ ဒီဇင်​ဘာ ၁၆ ရက်​မှာ​ပြုလုပ်​တဲ့ 2018 Air KBZ Grand Final Myanmar Championship ပြိုင်​ပွဲမှာ ထွန်းထွန်းမင်းကို အစီးသ​ရေထိုးသတ်​ပြီး​နောက်​ WLC နဲ့စာချုပ်​ကာ ပထမဆုံးပွဲမှာပဲ ဆက်​သ်​ဘာဇင်​စကီးကို အနိုင်​ထိုးသတ်​ခဲ့ပါတယ်​။ သြဂုတ်​လ ၁၀ ရက်​မှာ​တော့ ထွန်းထွန်းမင်းက သူ့ရဲ့facebook account က​နေ ​ဒေဝကို ​နောက်​ဆုံးအကြိမ်​ထိုးသတ်​ချင်​​ကြောင်း စိန်​​ခေါ်ခဲ့ပြီး ၃ မိနစ်​၊ ၅ ချီအတွင်း အရှုံးအနိုင်​အ​ဖြေမ​ပေါ်ခဲ့ရင်​ ၅ မိနစ်​၊ ၅ ချီအထိ အမှတ်​​ပေးစနစ်​မပါဘဲ ယှဉ်​ပြိုင်​လိုတယ်​လို့ ​ရေးသားခဲ့သလို အမှတ်​​ပေးစနစ်​နဲ့မဟုတ်​ဘဲ အရှုံးအနိုင်​အ​ဖြေ​ပေါ်တဲ့အထိ ထိုးချင်​တယ်​လို့ ဆိုပါတယ်​။ WLC ဥက္ကဋ္ဌဖြစ်​သူ ကို​ဇေသီဟကလည်း ​ဒေဝကို ထွန်းထွန်းမင်း၊ တူးတူးနဲ့​ စောငမန်းတို့က စိန်​​ခေါ်လာပြီး တစ်​ဦးနဲ့သာ ပွဲတည်​​ပေးမှာဖြစ်​သလို အမှတ်​​ပေးစနစ်​နဲ့သာ ဆုံးဖြတ်​မှာဖြစ်​ကာ ထိုးသတ်​​ကြေးကို​တော့ WLC မှာ ​နောက်​ဆုံးထိုးသတ်​စဉ်​ကအတိုင်းသာ ​ပေး​ချေမယ်​လို့ သူ့ရဲ့ facebook account အ​ကောင့်​က​နေ ​ရေးသားခဲ့ပါတယ်​။သူ့ကို စိန်​​ခေါ်လာတဲ့ ရိုးရာလက်​​ဝှေ့သမား​တွေ ထွက်​​ပေါ်လာချိန်​ ​ဒေဝက ဒီ​နေ့မှာ​တော့ သူ့ရဲ့facebook က​နေ အခုလို ​ရေးသားခဲ့ပါတယ်​။ “ထွန်းထွန်းမင်းနဲ့ တူးတူး။ မင်းတို့နှစ်​​ယောက်​လုံးရဲ့စိန်​​ခေါ်မှုကို လက်​ခံတယ်​။ ငါက ကမ္ဘာ့ အ​ကောင်းဆုံးလက်​​ဝှေ့သမား။ ဘယ်​သူ့ကိုမှ ငါမ​ကြောက်​ဘူး။ လူတိုင်းက လက်​​ဝှေ့ဘုရင်​ဖြစ်​ချင်​ကြတယ်​။ ဒါ​ပေမဲ့ လက်​​ဝှေ့​လောကမှာ ဘုရင်​ဆိုတာ တစ်​ပါးတည်းရှိရမှာ။ ထွန်းထွန်းမင်း… ငါတို့​တွေ ၃ ကြိမ်​ရင်​ဆိုင်​ဖူးတယ်​။ ငါဝါနုတဲ့ဘဝတုန်းက မင်းကို ဒဏ်​ရာရ​အောင်​ ထိုးသတ်​ခဲ့ဖူးတယ်​။ ငါ့ကို မင်းထပ်​စိန်​​ခေါ်ပြီး ​နောက်​ ၂ နှစ်​အကြာ ပြီးခဲ့တဲ့ဒီဇင်​ဘာတုန်းက မင်းကို ငါအစီးထိုးခဲ့တယ်​။ ငါ့တံ​တောင်​ရိုက်​ချက်​နဲ့ မင်းအိပ်​​ပျော်​သွားတာ စက္ကန့်​ ၄၀ ကြာတယ်​။ ပွဲဆက်​ထိုးနိုင်​ဖို့ မင်းအကူလူ​တွေက ၂ မိနစ်​အနား​တောင်း​ပေးခဲ့ရတယ်​။ မင်းနဲ့ ထိုးရတာ ငါဂုဏ်​ယူတယ်​။ ဒါ​ပေမဲ့ ငါ့ခွန်​အားနဲ့ နည်းစနစ်​က မင်းအတွက်​ ယှဉ်​နိုင်​စရာမရှိလို့ စိတ်​မ​ကောင်းဘူး။ ​နောက်​ဆုံးပွဲတုန်းက မင်းကို ကြိုးဝိုင်းကြမ်းခင်း​ပေါ် ၁၀ ခါမက လဲကျ​အောင်​ ငါလုပ်​ခဲ့​ပေမယ့်​ ငါက​တော့ တစ်​ခါမှ လဲမကျဘဲ ငါပိုသာတယ်​ဆိုတာ အားလုံးကို ပြခဲ့ပြီးပြီ။ ၄ ကြိမ်​​မြောက်​ ငါတို့ရင်​ဆိုင်​ကြမယ်​ဆိုရင်​ မင်းအတွက်​ ပို​တောင်​ဆိုး​နေဦးမယ်​။ တူးတူးစိန်​​ခေါ်တာနဲ့ပတ်​သက်​ပြီး​တော့ ​ပြောရရင်​ တကယ်​စိတ်​လှုပ်​ရှားမိတယ်​။ ၂၀၁၆ တုန်းက ငါတို့​တွေ တစ်​ခါရင်​ဆိုင်​ခဲ့ဖူးတယ်​။ အဲဒါကလည်း ငါ့ရဲ့ ပထမဆုံးလက်​​ဝှေ့ပွဲ။ သမ္ဘာနု​သေး​ပေမယ့်​ တစ်​ပွဲလုံးကို ငါက အစီးထိုးနိုင်​ခဲ့တယ်​။ ငါ့ကိုထိ​အောင်​​တော့ မင်းမစွမ်း​ဆောင်​နိုင်​ခဲ့ဘူး။ ငါက အခုလက်​စွမ်းပိုတက်​လာ​တော့ ဘာလုပ်​နိုင်​မလဲဆိုတာ ​တွေးကြည့်​လိုက်​ပါလား။ ဆွဲလိုက်​ကြရ​အောင်​။ ​ဒေဝ Vs တူးတူး(မ​ကျေပွဲ)လို့ ​ရေးသားခဲ့ပါတယ်​။ ဒါ​ကြောင့်​ ​ဒေဝအ​နေနဲ့ သူ့ကိုစိန်​​ခေါ်လာသူ​တွေထဲက တူးတူးနဲ့ထိုးသတ်​ချင်​​ကြောင်း အများသိ​အောင်​ တုံ့ပြန်​လိုက်​တာလည်းဖြစ်​ပါတယ်​။