myanmar

MLWC-4 လက်​​ဝှေ့ပွဲတွင်​ ထွန်းထွန်းမင်း အနိုင်​ရပြီး တူးတူး သ​ရေကျ

Goal Goal > August 18, 2019

ဒီ​နေ့လယ်​ ၂ နာရီက သိမ်​ဖြူ အားကစားရုံမှာကျင်းပတဲ့ Myanmar Lethwei World Championship-4 မြန်​မာ့ရိုးရာလက်​​ဝှေ့ ကမ္ဘာ့ချန်​ပီယံရှစ်​ပြိုင်​ပွဲကြီး-၄ ပြိုင်​ပွဲကြီးရဲ့ အဓိကတွဲဆိုင်း ၂ ဆိုင်းမှာ​တော့ တူးတူးက သ​ရေကျခဲ့​ပေမယ့်​ ထွန်းထွန်းမင်းက ရုရှားနိုင်​ငံသား မီ​ခေးလ်​ဗက်​ရီလာကို ​နောက်​ဆုံးအချီမှာ အနိုင်​ရခဲ့ပါတယ်​။ တူးတူးနဲ့ ဘရာဇီးလ်​ဖိုက်​တာ ​ဖေဘီယိုဖာရာရီတို့ပွဲမှာ တူးတူးက အသာစီးနဲ့ထိုးသတ်​နိုင်​​ပေမယ့်​လည်း ၅ ချီပြည့်​တဲ့အထိ ပွဲမဖြတ်​နိုင်​တာ​ကြောင့်​ ပူးတွဲသ​ရေကျခဲ့ပါတယ်​။ တူးတူးဟာ သက်​လုံကျ​နေတာ​ကြောင့်​ အနိုင်​မရခဲ့တာဖြစ်​ပြီး ​နောက်​ဆုံးထိုးသတ်​ထားတဲ့ ၂ ပွဲမှာ ၁ ပွဲနိုင်​​၊ ၁ ပွဲသ​ရေမှတ်​တမ်းကို ပိုင်​ဆိုင်​ခဲ့ပါတယ်​။နောက်​ဆုံးတွဲဆိုင်းဖြစ်​တဲ့ ၈၀ ကီလိုတန်းပွဲစဉ်​မှာ​တော့ ထွန်းထွန်းမင်းက ရုရှား​မွေထိုင်းချန်​ပီယံ မီ​ခေးလ်​ဗက်​ရီလာကို ​နောက်​ဆုံးအချီမှာ အနိုင်​ယူကာ ချန်​ပီယံဖြစ်​ခဲ့ပါတယ်​။ ဗက်​ရီလာဟာ ထွန်းထွန်းမင်းထက်​ အရပ်​အ​မောင်း​ရော၊ ခန္ဓာကိုယ်​ဖွဲ့စည်းတည်​​ဆောက်​ပုံမှာပါ အသာရတာ​ကြောင့်​ အ​စောပိုင်းအချီ​တွေမှာ ထွန်းထွန်းမင်း အသာမရခဲ့ပါဘူး။ ပထမအချီ ၅၇ စက္ကန့်​မှာ ဗက်​ရီလာရဲ့ ဘယ်​​ထောက်​လက်​သီး​ကြောင့်​ ထွန်းထွန်းမင်း လဲကျသွားခဲ့ပြီး ဘယ်သန်​​ရုရှားဖိုက်​တာရဲ့ ဘယ်​လက်​သီး​တွေက မြန်​မာ့ရိုးရာလက်​​ဝှေ့​ကျော်​ကို အထိနာ​စေခဲ့ပါတယ်​။ ဒုတိယအချီမှာ​တော့ ထွန်းထွန်းမင်းက အသာစီးပြန်​ရလာပြီး လက်​သီးချက်​​တွေက ထိရှမှုရှိလာတာ​ကြောင့်​ ဗက်​ရီလာ အနား​တောင်းခဲ့ရပါတယ်​။တတိယအချီမှာ ဗက်​ရီလာရဲ့ကန်​ချက်​ ထွန်းထွန်းမင်းရဲ့ ဒူးဒဏ်​ရာ​ဟောင်းကိုထိခဲ့တာ​ကြောင့်​ အထိနာခဲ့​ပေမယ့်​ ဒါကိုမသိတဲ့ ရုရှားဖိုက်​တာက ဖိမထိုး၊ ဖိမကန်​ဘဲ ပုံမှန်​သာယှဉ်​ပြိုင်​ခဲ့တာ​ကြောင့်​ ထွန်းထွန်းမင်း သက်​သာရာရခဲ့တာပါ။ ဒါ​ပေမယ့်​လည်း တတိယအချီမှာ​တော့ ဗက်​ရီလာ သက်​လုံကျလာခဲ့ပြီး ထွန်းထွန်းမင်း အသာရခဲ့တာ အမှန်​ပါပဲ။ စတုတ္ထအချီမှာ​တော့ နှစ်​​ယောက်​စလုံး သက်​လုံကျလာခဲ့ပြီး ဗက်​ရီလာ ဒုတိယအကြိမ်​ အမှတ်​စဉ်​အ​ရေခံခဲ့ရပြန်​ပါတယ်​။ ဒီအချီမှာ ဗက်​ရီလာရဲ့ ညာဖက်​မျက်​လုံး​အောက်​မှာ အကွဲဒဏ်​ရာ​ရခဲ့တာ​တွေ့ရပြီး ​သွေး​တွေစီးကျလာပါတယ်​။နောက်​ဆုံးအချီမှာ ထွန်းထွန်းမင်းက ပွဲဖြတ်​ဖို့ကြိုးစားခဲ့ပြီး ဗက်​ရီလာက​တော့ သ​ရေရဖို့၊ လုံးဖို့​လောက်​သာအားသန်​ခဲ့သလို အမှတ်​စဉ်​ ၂ ကြိမ်​ အ​ရေခံရတာ​ကြောင့်​ တစ်​ပွဲလုံးမှာ အမှတ်​စဉ်​ ၄ ကြိမ်​အ​ရေခံရလို့ ရှုံးနိမ့်​သွားခဲ့ပါတယ်​။ ထွန်းထွန်းမင်းဟာ အနိုင်​ရခဲ့​ပေမယ့်​လည်း ဒူးဒဏ်​ရာ​ဟောင်း ပြန်​ထိခဲ့တာ​ကြောင့်​ တန်​ဖိုးကြီးကြီးမားမား​ပေးဆပ်​ပြီးမှ ရယူနိုင်​ခဲ့တဲ့နိုင်​ပွဲလို့ ဆိုနိုင်​ပါတယ်​။ အခြားပွဲ​တွေဖြစ်​တဲ့ အမျိုးသမီး ၄ ချီ အထူးစိန်​​ခေါ်ပွဲမှာ မြန်​မာပြည်​ချန်​ပီယံ ဘ​ရော်​နီကာနဲ့ ​မွေထိုင်းကမ္ဘာ့ချန်​ပီယံ ​စောစင်​ဆွာဆိုပစ်​(ထိုင်း)၊ ၅ ချီအထူးစိန်​​ခေါ်ပွဲ​တွေဖြစ်​တဲ့ ဗျဂ္ဃ(မြန်​မာ)နဲ့ ဟီဂါရှီ(ဂျပန်​)၊ ရန်​နိုင်​ထွန်း(မြန်​မာ)နဲ့ ကိန်း​ကော်​လန်​(နယူးဇီလန်​)၊ ရဲ​သွေးနီ(မြန်​မာ)နဲ့ ဘာဘတ်​(အီရန်​)တို့ပွဲစဉ်​​တွေအားလုံး သ​ရေကျခဲ့ပါတယ်​။ ဒါ့အပြင်​ ပထမဆုံးကျင်းပတဲ့ မျိုးဆက်​သစ်​အထူး ၄ ချီစိန်​​ခေါ်ပွဲမှာလည်း ​ငွေနန်း​တော်​-(ကျားဖြူ )နဲ့ နိုင်းဝမ်း(ခြ​င်္သေ့မင်း)တို့တွဲဆိုင်းကလည်း သ​ရေနဲ့သာ ​ကျေနပ်​ခဲ့ရပါတယ်​။