myanmar

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ တာဂ်စ္ကစၥတန္သို႔ ျမန္မာအသင္း ထြက္ခြာ

Goal Goal > October 7, 2019

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ ယွဥ္ၿပိဳင္ကစားဖို႔အတြက္ ျမန္မာလက္ေ႐ြးစင္အသင္းဟာ မေန႔ကညေနပိုင္းကပဲ ကာဂ်စ္စတန္ႏိုင္ငံကို ထြက္ခြာခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။ ျမန္မာအသင္းဟာ လာမယ့္ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ကာဂ်စ္စတန္နဲ႔ အေဝးကြင္းပြဲစဥ္ကစားရဖို႔ရွိေနခဲ့တာပါ။ နည္းျပခ်ဳပ္ရာဒူလိုဗစ္ဟာ အဆိုပါပြဲစဥ္အတြက္ အၿပီးသတ္ကစားသမား ၂၃ ဦးကို ေ႐ြးခ်ယ္ခဲ့ရာမွာေတာ့ ဝါရင့္ဂိုးသမား ေက်ာ္ဇင္ထက္နဲ႔အတူ ဒဏ္ရာျပႆနာေတြရွိေနတဲ့ ေမာင္ေမာင္လြင္၊ ေက်ာ္ကိုကိုတို႔ က်န္ရစ္ခဲ့ၾကတာေတြ႕ရပါတယ္။ ျမန္မာအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ႏိုင္ပြဲလုံးဝမရထားသလို သြင္းဂိုးလည္း တစ္ဂိုးမွသြင္းယူႏိုင္ခဲ့ျခင္းမရွိဘဲ မြန္ဂိုးလီးယားကို ၁-၀၊ ဂ်ပန္ကို ၂-၀ ရလဒ္ေတြနဲ႔ အသီးသီးရွံူးနိမ့္ထားခဲ့ပါတယ္။ ကာဂ်စ္စတန္အသင္းကေတာ့ တစ္ပြဲသာကစားရေသးၿပီး တာဂ်စ္ကစၥတန္အသင္းကို ရွံူးနိမ့္ထားခဲ့တာမို႔ ဒါဟာ အမွတ္မရေသးတဲ့ႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံခဲ့တာလည္းျဖစ္ေနပါတယ္။ ဘယ္အသင္းက ႏိုင္ပြဲစရသြားမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။လက္ရွိျမန္မာအသင္းရဲ႕ကစားပုံကိုေတာ့ ပရိသတ္ေတြက အားမလိုအားမရျဖစ္ေနၾကပါတယ္၊ လက္ရွိနည္းျပခ်ဳပ္ ရာဒူလိုဗစ္လက္ထက္မွာ ျမန္မာလက္ေ႐ြးစင္အသင္းဟာ စင္ကာပူနဲ႔ေျခစမ္းပြဲတစ္ပြဲကိုသာ အႏိုင္ရရွိထားၿပီး က်န္ပြဲေတြမွာ ေတာက္ေလွ်ာက္ႏိုင္ပြဲေပ်ာက္ေနခဲ့တာပါ။ အထူးသျဖင့္ မြန္ဂိုလီးယားကိုရွံူးနိမ့္ခဲ့တာဟာ အသင္းရဲ႕ ေနာက္တစ္ဆင့္တက္ေရးလမ္းေၾကာင္းကို မ်ားစြာနစ္နာေစခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ပြဲစဥ္ေတြအမ်ားႀကီးကစားဖို႔ရွိေနေသးတာမို႔ တစ္စုံတစ္ရာယတိျပတ္ေျပာဖို႔ေတာ့ ခက္ခဲေနပါေသးတယ္။ ကာဂ်စ္စတန္နဲ႔ပြဲအတြက္ ျမန္မာလက္ေ႐ြးစင္ကစားသမားစာရင္းကိုေတာ့ အခုလိုပဲေတြ႕ျမင္ရမွာျဖစ္ပါတယ္။
ေက်ာ္ဇင္ၿဖိဳး (ဧရာဝတီ) ၊ ျပည့္ၿဖိဳးေအာင္ (ေဆာက္သမ္းျမန္မာ) ၊ ျပည့္လွ်ံေအာင္ (ရတနာပုံ)
ေဇာ္မင္းထြန္း (ေခ်ာင္ဘူရီ) ၊ စိုးမိုးေက်ာ္ (ဧရာဝတီ) ၊ ေဇာ္လင္း (ဧရာဝတီ) ၊ ေဇာ္ရဲထြန္း (ရတနာပုံ) ၊ ျပည့္ၿဖိဳးေဇာ္ (ရန္ကုန္) ၊ ေဒးဗစ္ထန္ (ရွမ္းယူႏိုက္တက္) ၊ ေက်ာ္ဇင္လြင္ (ဧရာဝတီ) ၊ နႏၵေက်ာ္ (ရွမ္းယူႏိုက္တက္)။
ရန္ေအာင္ေက်ာ္ (ရန္ကုန္) ၊ လြင္မိုးေအာင္ (ဧရာဝတီ) ၊ ဇင္မင္းထြန္း (ရွမ္းယူႏိုက္တက္) ၊ လႈိင္းဘိုဘို (ဧရာဝတီ) ၊ ၾကည္လင္း (ရန္ကုန္) ၊ စည္သူေအာင္ (ရတနာပုံ) ၊ ေဆာင္လမန္ (ရွမ္းယူႏိုက္တက္)
ေအာင္သူ (ေျမာင္ေတာင္) ၊ ဝင္းႏိုင္စိုး (ရတနာပုံ) ၊ သန္းပိုင္ (ရန္ကုန္) ၊ ေကာင္းစည္သူ (ေဆာက္သမ္းျမန္မာ) ၊ ေဒြးကိုကိုခ်စ္ (ရွမ္းယူႏိုက္တက္)။
Photo: MFF

 

Unicode

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့အတွက် မြန်မာလက်ရွေးစင်အသင်းဟာ မနေ့ကညနေပိုင်းကပဲ ကာဂျစ်စတန်နိုင်ငံကို ထွက်ခွာခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ မြန်မာအသင်းဟာ လာမယ့်အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကာဂျစ်စတန်နဲ့ အဝေးကွင်းပွဲစဉ်ကစားရဖို့ရှိနေခဲ့တာပါ။ နည်းပြချုပ်ရာဒူလိုဗစ်ဟာ အဆိုပါပွဲစဉ်အတွက် အပြီးသတ်ကစားသမား ၂၃ ဦးကို ရွေးချယ်ခဲ့ရာမှာတော့ ဝါရင့်ဂိုးသမား ကျော်ဇင်ထက်နဲ့အတူ ဒဏ်ရာပြဿနာတွေရှိနေတဲ့ မောင်မောင်လွင်၊ ကျော်ကိုကိုတို့ ကျန်ရစ်ခဲ့ကြတာတွေ့ရပါတယ်။ မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ပွဲလုံးဝမရထားသလို သွင်းဂိုးလည်း တစ်ဂိုးမှသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ မွန်ဂိုးလီးယားကို ၁-၀၊ ဂျပန်ကို ၂-၀ ရလဒ်တွေနဲ့ အသီးသီးရှံူးနိမ့်ထားခဲ့ပါတယ်။ ကာဂျစ်စတန်အသင်းကတော့ တစ်ပွဲသာကစားရသေးပြီး တာဂျစ်ကစ္စတန်အသင်းကို ရှံူးနိမ့်ထားခဲ့တာမို့ ဒါဟာ အမှတ်မရသေးတဲ့နှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တာလည်းဖြစ်နေပါတယ်။ ဘယ်အသင်းက နိုင်ပွဲစရသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

လက်ရှိမြန်မာအသင်းရဲ့ကစားပုံကိုတော့ ပရိသတ်တွေက အားမလိုအားမရဖြစ်နေကြပါတယ်၊ လက်ရှိနည်းပြချုပ် ရာဒူလိုဗစ်လက်ထက်မှာ မြန်မာလက်ရွေးစင်အသင်းဟာ စင်ကာပူနဲ့ခြေစမ်းပွဲတစ်ပွဲကိုသာ အနိုင်ရရှိထားပြီး ကျန်ပွဲတွေမှာ တောက်လျှောက်နိုင်ပွဲပျောက်နေခဲ့တာပါ။ အထူးသဖြင့် မွန်ဂိုလီးယားကိုရှံူးနိမ့်ခဲ့တာဟာ အသင်းရဲ့ နောက်တစ်ဆင့်တက်ရေးလမ်းကြောင်းကို များစွာနစ်နာစေခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ပွဲစဉ်တွေအများကြီးကစားဖို့ရှိနေသေးတာမို့ တစ်စုံတစ်ရာယတိပြတ်ပြောဖို့တော့ ခက်ခဲနေပါသေးတယ်။ ကာဂျစ်စတန်နဲ့ပွဲအတွက် မြန်မာလက်ရွေးစင်ကစားသမားစာရင်းကိုတော့ အခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။

ကျော်ဇင်ဖြိုး (ဧရာဝတီ) ၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ) ၊ ပြည့်လျှံအောင် (ရတနာပုံ)

ဇော်မင်းထွန်း (ချောင်ဘူရီ) ၊ စိုးမိုးကျော် (ဧရာဝတီ) ၊ ဇော်လင်း (ဧရာဝတီ) ၊ ဇော်ရဲထွန်း (ရတနာပုံ) ၊ ပြည့်ဖြိုးဇော် (ရန်ကုန်) ၊ ဒေးဗစ်ထန် (ရှမ်းယူနိုက်တက်) ၊ ကျော်ဇင်လွင် (ဧရာဝတီ) ၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)။

ရန်အောင်ကျော် (ရန်ကုန်) ၊ လွင်မိုးအောင် (ဧရာဝတီ) ၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်) ၊ လှိုင်းဘိုဘို (ဧရာဝတီ) ၊ ကြည်လင်း (ရန်ကုန်) ၊ စည်သူအောင် (ရတနာပုံ) ၊ ဆောင်လမန် (ရှမ်းယူနိုက်တက်)

အောင်သူ (မြောင်တောင်) ၊ ဝင်းနိုင်စိုး (ရတနာပုံ) ၊ သန်းပိုင် (ရန်ကုန်) ၊ ကောင်းစည်သူ (ဆောက်သမ်းမြန်မာ) ၊ ဒွေးကိုကိုချစ် (ရှမ်းယူနိုက်တက်)။

Photo: MFF