others

ပေါ်တူဂီ Vs နယ်သာလန် ပွဲကြိုအချက်အလက်များ (နေးရှင်းလိဂ်ဗိုလ်လုပွဲ၊ ည ၁း၁၅ နာရီ)

Goal Goal > June 9, 2019


>>>ထူးခြားအချက်အလက် – အနိုင်ရဗိုလ်စွဲတဲ့အသင်းကို ယူအီးအက်ဖ်အေက ဆုငွေအနေနဲ့ ယူရို ၇.၅ သန်းချီးမြှင့်မှာဖြစ်သလို ဒုတိယဆုရတဲ့အသင်းကိုတော့ ဆုကြေး ယူရို ၆.၅ သန်း ပေးအပ်သွားမှာဖြစ်ပါတယ်။ နည်းပြဖာနန်ဒိုဆန်းတို့စ်ရဲ့ပေါ်တူဂီအသင်းဟာ နောက်ဆုံးကစားထားတဲ့ ၁၀ ပွဲမှာ ၁ ပွဲသာ ရှုံးထားပြီး ၅ ပွဲသရေ၊ ၄ ပွဲနိုင်ကစားထားပါတယ်။

>>>ထိပ်တိုက်တွေ့ဆုံမှု – ပေါ်တူဂီနဲ့ နယ်သာလန်တို့ဟာ ၁၃ ကြိမ်တွေ့ဆုံဖူးပြီး ပေါ်တူဂီက ၇ ပွဲနိုင်၊ လိမ္မော်ရောင်တွေက ၂ ပွဲနိုင်ကာ ၄ ပွဲသရေကျထားပါတယ်။ ပေါ်တူဂီကွင်း ၈ ကြိမ်မှာ အိမ်ရှင်အသင်းက ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးထားပြီး နယ်သာလန်ကွင်း ၅ ကြိမ်မှာတော့ အိမ်ရှင်အသင်းက ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ ထိပ်တိုက်ဆုံတွေ့မှုအရ ပေါ်တူဂီအသင်းက ၁၅ ဂိုးသွင်းထားပြီး နယ်သာလန်အသင်းက ၁၀ ဂိုးသွင်းထားပါတယ်။

>>>ပေါ်တူဂီ – ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းဟာ ၂၀၁၄ စက်တင်ဘာလတုန်းက အယ်လ်ဘေးနီးယားကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း အိမ်ကွင်းမှာကစားတဲ့ ပြိုင်ပွဲအသွင် ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ ပေါ်တူဂီနောက်တန်းမှာ အားထားရတဲ့ပီပီ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိတော့ဘဲ ကန်ဆယ်လိုအနေနဲ့လည်း ပါဝင်ခွင့်မရေရာတဲ့ အနေအထားဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါနီလိုကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီး ဒါဟာ နိုင်ငံတကာ ၁၅၇ ပွဲမှာ ၈၈ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပါတယ်။

>>>နယ်သာလန် – နယ်သာလန်အသင်းဟာ နည်းပြရော်နယ်ကိုးမန်းလက်ထက် ဂျာမနီကိုသာရှုံးထားပြီး နောက်ဆုံး ၅ ပွဲဆက်မှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးကာ ၁၃ ဂိုးသွင်း၊ ၆ ဂိုးသာ အသွင်းခံထားရပါတယ်။ ရွေးချယ်ထားတဲ့ ကစားသမားတွေအနက် ဒဏ်ရာရတဲ့သူမရှိဘဲ အကောင်းဆုံးအနေအထားရနေပါတယ်။ လိမ္မော်ရောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လက ပေါ်တူဂီကို ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက် ပေါ်တူဂီနဲ့တွေ့တဲ့ ၁၃ ကြိမ်မှာ ဒုတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်နယ်သာလန်အသင်းဟာ နိုင်ငံပြင်ပမှာကစားတဲ့ နောက်ဆုံး ၂၁ ပွဲမှာ ၃ ပွဲသာရှုံးထားပါတယ်။

>>>နောက်ဆုံး (၅) ကြိမ်တွေ့ဆုံမှု – ၂၇-၃-၂၀၁၈ ပေါ်တူဂီ ၀ – ၃ နယ်သာလန်/ ၁၅-၈-၂၀၁၃ ပေါ်တူဂီ ၁ – ၁ နယ်သာလန်/ ၁၈-၆-၂၀၁၂ ပေါ်တူဂီ ၂ – ၁ နယ်သာလန်/ ၂၆-၆-၂၀၀၆ ပေါ်တူဂီ ၁ – ၀ နယ်သာလန်/ ၁-၇-၂၀၀၄ ပေါ်တူဂီ ၂ – ၁ နယ်သာလန်

>>>ပေါ်တူဂီ နောက်ဆုံး (၅) ပွဲရလဒ် – ၆-၆-၂၀၁၉ ပေါ်တူဂီ ၃ – ၁ ဆွစ်ဇာလန်/ ၂၆-၃-၂၀၁၉ ပေါ်တူဂီ ၁ – ၁ ဆားဘီးယား/ ၂၃-၃-၂၀၁၉ ပေါ်တူဂီ ၀ – ၀ ယူကရိန်း/ ၂၁-၁၁-၂၀၁၈ ပေါ်တူဂီ ၁ – ၁ ပိုလန်/ ၁၈-၁၁-၂၀၁၈ အီတလီ ၀ – ၀ ပေါ်တူဂီ

>>>နယ်သာလန် နောက်ဆုံး (၅) ပွဲရလဒ် – ၇-၆-၂၀၁၉ နယ်သာလန် ၃ – ၁ အင်္ဂလန်/ ၂၅-၃-၂၀၁၉ နယ်သာလန် ၂ – ၃ ဂျာမနီ/ ၂၂-၃-၂၀၁၉ နယ်သာလန် ၄ – ၀ ဘီလာရုစ်/ ၂၀-၁၁-၂၀၁၈ ဂျာမနီ ၂ – ၂ နယ်သာလန်/ ၁၇-၁၁-၂၀၁၈ နယ်သာလန် ၂ – ၀ ပြင်သစ်