others

အ​ဖေ့​လောက်​​တော့ အ​ပျော့​ပေါ့ဆိုတဲ့ ခရစ္စတီယာနိုဂျူနီယာ

Goal Goal > June 24, 2019

ကိုပါအ​မေရိကဖလားပြိုင်​ပွဲကျင်းပ​နေတာ​ကြောင့်​ ​တောင်​အ​မေရိကတိုက်​က ၁၀ နိုင်​ငံနဲ့ အာရှချန်​ပီယံကာတာ၊ ဒုတိယဆုရဂျပန်​တို့က ကစားသမား​တွေအ​နေနဲ့ ရာသီပိတ်​အားလပ်​ရက်​မရ​သေးဘဲ နိုင်​ငံအတွက်​ ကိုယ်​စားပြုကစား​ပေး​နေရပါတယ်​။ ကျန်​တဲ့နိုင်​ငံ​တွေက ကစားသမား​တွေက​တော့ လက်​​ရွေးစင်​အသင်းပွဲစဉ်​​တွေမရှိတာ​​ကြောင့်​ မိသားစုနဲ့ပဲဖြစ်​ဖြစ်​၊ ချစ်​သူရည်းစားနဲ့ပဲဖြစ်​ဖြစ်​ ကမ္ဘာအနှံ့​ခြေဆန့်​ကာ ​အေး​အေးလူလူ အနားယူ​နေပြီဖြစ်​ပါတယ်​။ ​ဘောလုံးသမား​တွေဆိုတာကလည်း အားလပ်​ရက်​သိပ်​ရတာမျိုးမရှိဘဲ သူတို့ရဲ့အချိန်​​တော်​​တော်​များများကို သက်ဆိုင်​ရာကိုယ်​စားပြု ကလပ်​အသင်း​တွေအတွက်​ ​ပေးဆပ်​​နေရတာဖြစ်​ပါတယ်​။ယူအီးအက်​ဖ်​​အေ ​နေးရှင်းလိဂ်​ချန်​ပီယံဆုကိုရရှိထားတဲ့ ​ပေါ်တူဂီတိုက်​စစ်​မှူး စီ​ရော်​နယ်​ဒိုက​တော့ လက်ရှိအချိန်​မှာ နိုင်​ငံအသင်းအတွက် ​ပွဲစဉ်​​တွေမရှိတာ​ကြောင့်​ မိသားစုနဲ့အတူ အပန်း​ဖြေခရီးစဉ်​ထွက်​​နေပါတယ်​။ စီးရီး​အေပထမဆုံးရာသီမှာ ဂျူဗင်​တပ်​စ်​အသင်းနဲ့အတူ စကူဒက်​တိုအမှတ်​​ပေးဖလားနဲ့ အီတလီစူပါဖလားရရှိ​အောင်​ ကူညီ​ပေးနိုင်​ခဲ့တဲ့ စီ​ရော်​နယ်​ဒိုဟာ ပြီးခဲ့တဲ့ရက်​ပိုင်းအတွင်းကတင်​ ​လေ့ကျင့်​​ရေးခန်းမှာ ရာသီသစ်​အတွက်​ တစ်​ဦးတည်း​လေ့ကျင့်​​နေခဲ့ပါတယ်​။ အခု​တော့ ကမ္ဘာ့အ​ကောင်းဆုံး ကစားသမား ၅ ဆုရှင်​ CR7 ဟာ မိသားစုနဲ့အတူ ပြင်​သစ်​နိုင်​ငံ​တောင်​ပိုင်းက အပန်း​ဖြေကမ်း​ခြေတစ်​ခုမှာ အနားယူ​နေပါတယ်​။အသက်​ ၃၄ နှစ်​အရွယ်​ စီ​ရော်​နယ်​ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်​တပ်​စ်​အတွက်​ ပြိုင်​ပွဲစုံ ၄၃ ပွဲမှာ ၂၈ ဂိုးသွင်းကာ ထိုက်​သင့်​တဲ့​အောင်​မြင်​မှု​တွေ ရယူနိုင်​ခဲ့ပါတယ်​။ စီ​ရော်​နယ်​ဒိုဟာ အတူ​နေချစ်​သူ ​ဂျော်​ဂျီနာရိုဒရီဂွက်​ဇ်​၊ သားကြီး ခရစ္စတီယာနိုဂျူနီယာ၊ အခြားမိတ်​​ဆွေအနည်းငယ်​နဲ့အတူ ဇိမ်​ခံရွက်​​လှေ​ပေါ်မှာ ​အေး​အေးလူလူ အပန်း​ဖြေ​နေတာကို မီဒီယာ​တွေက ​ဖော်​ပြပါတယ်​။ ဂျူဗင်​တပ်​စ်​ ယူ-၉ အသင်းမှာကစား​နေတဲ့ ခရစ္စတီယာနိုဂျူနီယာဟာ ဖခင်​ဖြစ်​သူရဲ့​ ဘောလုံးအ​မွေကို ဆက်​ခံနိုင်​ဖို့ ကြိုးစား​နေသလို ဂိုးသွင်းစွမ်းရည်​ကလည်း အရွယ်​နဲ့မလိုက်​​အောင်​ ထူးခြားလွန်းလှပါတယ်​။ ခရစ္စတီယာနိုဂျူနီယာ​လေးဟာ ဖခင်​ဖြစ်​သူလိုပဲ ခန္ဓာကိုယ်​ဖွဲ့စည်းပုံကျစ်​လျစ်​သလို ရွက်​​လှေ​ပေါ်မှာ စီ​ရော်​နယ်​ဒို ကြွက်​သားထုတ်​ပြရင်​ သူကလည်း ထုတ်​ပြပါတယ်​။ဒါ့အပြင်​ ဖခင်​ဖြစ်​သူ Jet Ski စီးရင်​ အ​နောက်​က​နေ အ​ကြောက်​အလန့်​လိုက်​ပါစီးနင်းသလို သူကိုယ်​တိုင်​လည်း​မောင်းသူ​နေရာက​နေ စီးနင်းခဲ့ပါ​သေးတယ်​။ သားအဖနှစ်​​ယောက်​ ပင်​လယ်​ပြင်​ထဲ ​ပျော်​​ပျော်​ပါးပါး​ဆော့ကစား​နေတာကို ​ဂျော်​ဂျီနာက ရွက်​​လှေ​ပေါ်က​နေ ကြည်​နူးတဲ့အကြည့်​​တွေနဲ့ ကြည့်​​နေတဲ့ပုံ​လေးက CR7 မိသားစုရဲ့​ပျော်​ရွှင်​စရာ Life Style လို့ပဲ ဆိုရ​တော့မှာပါ။