others

ပို့စ်မောက်နှင့်ပွဲမှ အာဆင်နယ်ကစားသမားများ စွမ်းဆောင်ရည်သုံးသပ်ချက်

Goal Goal > March 3, 2020

မာတီနက်ဇ် – ၆ မှတ်
ပို့စ်မောက်က တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာရှိခဲ့ပြီး အဲဒီတစ်ကြိမ်ကို အမှားအယွင်းမရှိ ကာကွယ်သွားခဲ့ပါတယ်။
ပါပါစတာသိုပူးလော့စ် – ၇ မှတ်
ညာနောက်ခံနေရာမှာ အံ့အားသင့်ဖွယ်ပွဲထွက်လာခဲ့တာတွေ့ရပါတယ်။ ကစားနေကျနေရာမဟုတ်တာကြောင့် အနည်းငယ်ရုန်းကန်ရတာလေးတွေရှိပေမယ့်လည်း ခြေစွမ်းပြကစားသွားခဲ့ပြီး ဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒေးဗစ်လုဇ် – ၆ မှတ်
တိုက်စစ်ကိုစတင်ပေးဖို့ထက် ခံစစ်ကိုပဲ အဓိကအာရုံစိုက်သွားခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် အန်ကီတီယာ့ချ်ကို အကောင်းဆုံးအခွင့်အရေးတစ်ကြိမ် ဖန်တီးပေးသွားခဲ့ပါတယ်။ပါဘလိုမာရီ – ၇ မှတ်
အာဆင်နယ်အတွက် ပထမဆုံးပွဲထွက်ခွင့်ရချိန်မှာပဲ အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပြီး ပို့စ်မောက်တိုက်စစ်ကို အမှားအယွင်းမရှိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဆာကာ – ၆ မှတ်
တိုက်စစ်ကို လိုက်ပါပံ့ပိုးနိုင်မှုအားနည်းခဲ့ပြီး ဘောလုံးအလေအလွင့်များခဲ့ပါတယ်။
တော်ရဲရား – ၅ မှတ်
ဒဏ်ရာပြဿနာကြောင့် လူစားလဲခံခဲ့ရပါတယ်။ဂွမ်ဒူဇီ – ၇ မှတ်
ဘောလုံးဆုံးရှုံးမှုများခဲ့ပေမယ့် လုပ်အားနှုန်းကောင်းကောင်းနဲ့ ကွင်းလယ်ကို ပံ့ပိုးနိုင်ခဲ့ပါတယ်။
နယ်လ်ဆင် – ၈ မှတ်
ပွဲအစပိုင်းမှာ ခြေစွမ်းပျောက်ဆုံးနေပေမယ့်လည်း ဒီပွဲအတွက် အဓိကကစားသမားဖြစ်ခဲ့ပါတယ်။ ဖြတ်တင်ဘောပေးပို့မှုတွေမှာ အလေအလွင့်တချို့ရှိခဲ့ပေမယ့် နှစ်ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဝီလော့ခ် – ၅ မှတ်
ကွင်းလယ်ထိ ဘောလုံးဆင်းတောင်းနေခဲ့ရပြီး ခြေစွမ်းသိပ်မပြနိုင်ခဲ့ပါဘူး။မာတင်နယ်လီ – ၇ မှတ်
ဘယ်တောင်ပံကနေ တောက်လျှောက်ထိုးဖောက်ကစားခဲ့ပြီး ပို့စ်မောက်ခံစစ်ကို အလုပ်များစေခဲ့ပါတယ်။
အန်ကီတီယာ့ချ် – ၇ မှတ်
ဒုတိယဂိုးကို သွင်းယူပေးခဲ့တဲ့အပြင် အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံတွေလည်း အတော်လေးကောင်းမွန်ခဲ့ပါတယ်။
လူစားဝင်ကစားသမားများ
ဆီဘယ်လော့စ် – ၇ မှတ်
ရှာကာ – မရှိ
နိုင်းလ် – မရှိ။