others

ကီပါအကောင်းဆုံးဖြစ်ခဲ့တဲ့ လီဗာပူးနှင့်ပွဲမှ ချယ်လ်ဆီးကစားသမားများ စွမ်းဆောင်ရည်သုံးသပ်ချက်

Goal Goal > March 4, 2020

ကီပါ – ၉ မှတ်
နောက်ဆုံးပွဲစဉ်တွေမှာ တောက်လျှောက်ချန်လှပ်ခံထားရသူကီပါ ဒီပွဲမှာ ပြန်လည်ပါဝင်နိုင်ခဲ့ပြီး အကောင်းဆုံးလက်စွမ်းပြကစားသွားခဲ့ပါတယ်။
အက်ဇ်ပီလီကျူတာ – ၇ မှတ်
ညာနောက်ခံအစွန်လူနေရာမှာ ပြန်လည်တွေ့မြင်ခဲ့ရပြီး အော်ရီဂီရဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံးတားဆီးနိုင်ခဲ့ပါတယ်။
ရူဒီဂါ – ၇ မှတ်
ပွဲချိန်အစောပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ဘောလုံးအလေအလွင့်များခဲ့သလို မာနေးရဲ့ကျော်ဖြတ်မှုကိုလည်း ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဇူးမားနဲ့ အတွဲအဖက်မိမိကစားပြီး လီဗာပူးတိုက်စစ်ကို ဟန့်တားသွားခဲ့ပါတယ်။ဇူးမား – ၈ မှတ်
အသင်းဖော်ရူဒီဂါလိုပဲ အစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။
မားကို့စ်အလွန်ဆို – ၇ မှတ်
ဘယ်တောင်ပံတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပြီး တိုက်စစ်-ခံစစ်နှစ်ရပ်စလုံးမှာ အမှားမရှိခဲ့ပါဘူး။
ဘီလီဂေမော် – ၉ မှတ်
သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုတွေ့မြင်ခဲ့ရပြီး တိုက်စစ်-ခံစစ်ကို တောက်လျှောက်အတက်အဆင်းကစားသွားခဲ့ပါတယ်။
ကိုဗာချစ် – ၆ မှတ်
ဂေမော်နဲ့ အတွဲအဖက်မိမိကစားနေခဲ့ပေမယ့် ပထမပိုင်းမှာပဲ ဒဏ်ရာပြဿနာကြောင့် လူစားလဲခံခဲ့ရတာက နည်းပြလမ်းပတ်အတွက် စိုးရိမ်စရာဖြစ်ရပါတယ်။ဘာကလေ – ၈ မှတ်
လုပ်အားနှုန်းကောင်းခဲ့ပေမယ့် ဘောလုံးအလေအလွင့်များခဲ့တာတွေ့ရပါတယ်။ တစ်ပွဲလုံးအတိုင်းအတာအရ လိုအပ်ချက်တွေရှိနေခဲ့ပေမယ့် အရေးပါတဲ့ ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဝီလီယံ – ၇ မှတ်
ညာတောင်ပံကနေ လီဗာပူးခံစစ်ကို တောက်လျှောက်ခြိမ်းခြောက်နေခဲ့ပါတယ်။ ဒုတိယပိုင်းအစလောက်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။
ပတ်ဒရို – ၈ မှတ်
လုပ်အားနှုန်းကောင်းကောင်းနဲ့ တိုက်စစ်ကိုပံ့ပိုးပေးသွားခဲ့ပြီး သူကိုယ်တိုင်အခွင့်အရေးတချို့ရခဲ့ပေမယ့် အက်ဒရီယန်နဲ့ လီဗာပူးနောက်ခံလူတွေ တားဆီးသွားခဲ့ပါတယ်။ဂျရူး – ၈ မှတ်
အမြင့်ဘောတွေကို အကောင်းဆုံးအသုံးချသွားခဲ့ပြီး ဗန်ဒိုက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အသင်းဖော်တွေနဲ့ အကောင်းဆုံးချိတ်ဆက်ကစားပြီး တိုက်စစ်လမ်းကြောင်းတွေကို ပုံဖော်သွားခဲ့တာတွေ့ရပါတယ်။
လူစားဝင်ကစားသမားများ
မေဆန်မောင့် – ၇ မှတ်
ဂျော်ဂျင်ဟို – ၆ မှတ်
ရီစီဂျိမ်းစ် – မရှိ။