others

ဖာဘင်ဟိုရဲ့အမှားတွေနဲ့အတူ ချယ်လ်ဆီးနှင့်ပွဲမှ လီဗာပူးကစားသမားများ စွမ်းဆောင်ရည်သုံးသပ်ချက်

Goal Goal > March 4, 2020

အက်ဒရီယန် – ၅ မှတ်
ဝီလီယံရဲ့ အစောပိုင်းအားထုတ်မှုကို အကောင်းဆုံးတားဆီးသွားခဲ့ပေမယ့် နောက်ထပ်ကန်သွင်းမှုတစ်ကြိမ်မှာတော့ သူ့အမှားမကင်းခဲ့ဘဲ ဂိုးပေးလိုက်ရပါတယ်။ ပတ်ဒရို၊ ဂျရူးတို့ရဲ့အပိုင်ကန်ချက်တချို့ကို ကာကွယ်ပေးနိုင်ခဲ့ပေမယ့်လည်း အစောပိုင်းအမှားကိုတော့ ဆယ်မရခဲ့ပါဘူး။
နီကိုဝီလီယမ်စ် – ၈ မှတ်
ညာခြမ်းခံစစ်မှာပွဲထွက်လာခဲ့ပြီး ပတ်ဒရိုကို အကောင်းဆုံးရင်ဆိုင်သွားခဲ့သလို တိုက်စစ်ကိုလိုက်ပါပံ့ပိုးမှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်။
ဂျိုးဂိုမက်ဇ် – ၆ မှတ်
ပွဲချိန်အများစုမှာ အမှားအယွင်းမရှိခဲ့ပေမယ့်လည်း ဘာကလေရဲ့ဂိုးကိုတော့ ရပ်ကြည့်နေသလိုဖြစ်ခဲ့တာတွေ့ရပါတယ်။ဗန်ဒိုက် – ၆ မှတ်
ခံစစ်ကြောင်းကို ဦးဆောင်ကစားသွားခဲ့ပေမယ့် သူကိုယ်တိုင်အမှားအယွင်းတချို့ရှိနေတာတွေ့ရပါတယ်။
ရော်ဘတ်ဆန် – ၆ မှတ်
ခံစစ်မှာအမှားမရှိခဲ့ပေမယ့် တိုက်စစ်ကိုလိုက်ပါပံ့ပိုးမှုနည်းခဲ့ပါတယ်။
ဖာဘင်ဟို – ၅ မှတ်
ဝီလီယံရဲ့ဂိုးအတွက် သူ့တာဝန်မကင်းခဲ့သလို တစ်ပွဲလုံးစွမ်းဆောင်ရည်အားဖြင့်လည်း ပုံမှန်အောက်ကိုရောက်နေခဲ့ပါတယ်။လယ်လာနာ – ၆ မှတ်
ထူးထူးကဲကဲခြေစွမ်းပြခဲ့တာတွေရှိသလို လိုအပ်ချက်တွေလည်းရှိခဲ့တာတွေ့ရပါတယ်။
ကာတစ်ဂျုံးစ် – ၆ မှတ်
အသင်းဖော်အများစုနည်းတူပဲ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
မာနေး – ၇ မှတ်
သူ့ရဲ့ဂိုးရဖို့အားထုတ်မှု ၃ ကြိမ်လောက်ကို ကီပါက အကောင်းဆုံးကာကွယ်သွားခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။မီနာမီနို – ၆ မှတ်
အစောပိုင်းမှာ ခြေစွမ်းပြကစားသွားခဲ့ပြီး အသင်းဖော်တွေနဲ့ အချိတ်အဆက်မိမိကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပျောက်ဆုံးနေခဲ့ပါတယ်။
အော်ရီဂီ – ၅ မှတ်
ပုံမှန်စွမ်းဆောင်ရည်အောက်မှာသာရှိနေခဲ့ပြီး အသင်းကို ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့ပါဘူး။
လူစားဝင်ကစားသမားများ
ဖာမီနို – ၅ မှတ်
မီလ်နာ – ၆ မှတ်
ဆာလာ – မရှိ။