others

ဒါဘီနှင့်ပွဲမှ မန်ယူကစားသမားများ စွမ်းဆောင်ရည်သုံးသပ်ချက်

Goal Goal > March 6, 2020

ရိုမဲရိုး – ၈ မှတ်
ရွန်နေရဲ့ Free-kick နှစ်ကြိမ်ကို အကောင်းဆုံးတားဆီးကာကွယ်သွားခဲ့ပါတယ်။
ဒါလော့ – ၆ မှတ်
တိုက်စစ်ကိုလိုက်ပါကစားခဲ့ပေမယ့် နောက်ကိုအချိန်မီပြန်မဆင်းနိုင်ဘဲ ဘရူနိုဖာနန်ဒက်စ်က ကာပေးထားရတာတွေ့ရပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာတော့ အထိုင်ကျလာခဲ့ပါတယ်။
ဘိုင်လီ – ၈ မှတ်
ခံစစ်ကြောင်းမှာ အမှားအယွင်းမရှိကစားသွားခဲ့ပြီး ဒါဘီတိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။လင်ဒီလော့ဖ် – ၇ မှတ်
ဘိုင်လီနဲ့အတွဲအဖက်မိမိကစားသွားခဲ့ပြီး အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။
လုခ်ရှောလ် – ၈ မှတ်
အဖွင့်ဂိုးကို ကိုယ်တိုင်သွင်းယူပေးခဲ့သလို ဒုတိယဂိုးမှာလည်း သူ့ရဲ့ကဏ္ဍကမသေးပါဘူး။
တိုမီနေး – ၆ မှတ်
ရွန်နေဦးဆောင်တဲ့ကွင်းလယ်ကို အကောင်းဆုံးယှဉ်ကစားခဲ့ပြီး အသင်းခေါင်းဆောင်ဟောင်းဖြစ်သူကို လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပေးခဲ့ပါဘူး။ဖရက်ဒ် – ၇ မှတ်
တိုက်စစ်-ခံစစ်ကို အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့ပြီး အတက်အဆင်းမှန်မှန်နဲ့ ခြေစွမ်းပြသွားခဲ့ပါတယ်။
လင်ဂတ် – ၆ မှတ်
အသင်းဖော်တွေနဲ့ အချိတ်အဆက်မိမိကစားသွားခဲ့ပြီး ဒုတိယပိုင်းမှာ ပိုမိုခြေစွမ်းပြနိုင်ခဲ့ပါတယ်။
မာတာ – ၆ မှတ်
အစ်ဟာလိုကို အပိုင်အခွင့်အရေးတစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း အပိုင်ကန်ချက်တစ်ကြိမ်ရှိခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့ပါဘူး။ဘရူနိုဖာနန်ဒက်စ် – ၆ မှတ်
တိုက်စစ်ကိုဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဘောလုံးအပျက်များခဲ့တာတွေ့ရပါတယ်။
အစ်ဟာလို – ၈ မှတ်
ပွဲထွက်လူစာရင်းမှာ ဒုတိယအကြိမ်မြောက်ပါဝင်လာခဲ့ပြီး ၂ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
လူစားဝင်ကစားသမားများ
ပါရဲရား – ၅ မှတ်
မာရှယ် – ၅ မှတ်
ဘရန်ဒန်ဝီလီယံ – ၅ မှတ်