serie a

လူကာကူ၊ ဆန်းချက်ဇ်ပြီးနောက် စပါးက အီရစ်ဆန်ကိုပါ ထပ်ခေါ်ဦးမယ့် အင်တာမီလန်

Goal Goal > September 5, 2019

အင်တာမီလန်အသင်းဟာ နည်းပြကွန်တီလက်ထက် အောင်မြင်မှုတွေရဖို့ ယုံကြည်နေပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာလည်း ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အင်တာမီလန်ဟာ မန်ယူက ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းပေးကာ ခေါ်ယူနိုင်ခဲ့ပြီး ချီလီတောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်ကိုလည်း ခေါ်နိုင်ခဲ့ပါတယ်။ အင်တာမီလန်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာလည်း စပါးက ဒိန်းမတ်ကွင်းလယ်ကစားသမား အီရစ်ဆန်ကိုပါ ခေါ်ဦးမှာဖြစ်ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အီရစ်ဆန်ဟာ ခြေစွမ်းကောင်းတဲ့ ကွင်းလယ်လူတစ်ဦးဖြစ်ပြီး စပါးအသင်းအတွက် အကောင်းဆုံးကစားပေးခဲ့ပါတယ်။ သူဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အေဂျက်ကစားသမားဟောင်း အီရစ်ဆန်ရဲ့အနာဂတ်သေချာမှု မရှိခဲ့တာပါ။ ဒါပေမဲ့ အီရစ်ဆန်ဟာ ဈေးကွက်အတွင်း အသင်းပြောင်းခဲ့ခြင်းမရှိဘဲ စပါးအသင်းမှာသာ ဆက်နေခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် အီရစ်ဆန်ရဲ့လက်ရှိစာချုပ်က ဒီနှစ်ဘောလုံးရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အီရစ်ဆန်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မသေချာပါဘူး။

မန်ယူအသင်းကလည်း လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အီရစ်ဆန်ကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ အခုဆိုရင် အင်တာမီလန်ကပါ အီရစ်ဆန်ကိုခေါ်ဖို့ ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။ အင်တာမီလန်နည်းပြ ကွန်တီကလည်း အီရစ်ဆန်ကို ခေါ်ဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။ အီရစ်ဆန်ဟာ မနှစ်က ဘောလုံးရာသီမှာ အသင်းအတွက် ၅၁ ပွဲ ကစားကာ ၁၀ ဂိုး သွင်းပေးခဲ့ပါတယ်။ အင်တာမီလန်နဲ့ မန်ယူဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အီရစ်ဆန်ကို လုကြရမှာပါ။