serie a

စီရိုနယ်ဒိုက သူ့ကိုကြိုဆိုတဲ့အကြောင်း ပြောလာသူ စီးရီးအေရောက် လိုဇာနို

Goal Goal > September 6, 2019

ပီအက်စ်ဗွီအသင်းကနေ နာပိုလီကို ရောက်လာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် မက္ကဆီကို တောင်ပံကစားသမား လိုဇာနိုက သူ့ကို ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုက ကြိုဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ တောင်ပံကစားသမား လိုဇာနိုဟာ မန်ယူအသင်း ပစ်မှတ်ကစားသမားဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့မှာ နာပိုလီကို ရောက်လာခဲ့သူပါ။ လိုဇာနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မက္ကဆီကိုအသင်းအတွက် ခြေစွမ်းပြ ကစားပေးခဲ့ပါတယ်။ လိုဇာနိုဟာ ဂျူဗင်တပ်စ်ပွဲမှာတော့ ပွဲထွက်ခွင့်မရခဲ့ပေမယ့် နည်းပြအန်ဆယ်လော့တီက အရံကစားသမားအဖြစ် အသုံးပြုခဲ့တယ်။

ဂျူဗင်တပ်စ်နဲ့ နာပိုလီပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ တိုက်စစ်မှူး စီရိုနယ်ဒိုဟာ အသင်းအတွက် ဂိုးသွင်းပေးခဲ့ပါတယ်။ လူစားဝင်လာတဲ့ လိုဇာနိုကလည်း နာပိုလီအသင်းအတွက် ဂိုးသွင်းပေးခဲ့ပါတယ်။ ပွဲအပြီးမှာ လိုဇာနိုဟာ စီရိုနယ်ဒိုနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ သူတို့ နှစ်ဦးတွေ့ဆုံခဲ့စဉ်မှာ စီရိုနယ်ဒိုက လိုဇာကိုကို ကြိုဆိုကြောင်း ပြောခဲ့ပါတယ်။

လိုဇာနိုက ” သူတို့ပွဲပြီးခါနီးဂိုးနဲ့ အနိုင်ရသွားတယ်။ ပွဲပြီးတော့ စီရိုနယ်ဒို ကျွန်တော့်နား ရောက်လာတယ်။ သူက ကျွန်တော့်ကို ကွန်ဂရက်ကျူလေးရှင်း လုပ်ခဲ့ပါတယ်။ အီတလီရောက်လာတဲ့ ကျွန်တော့်ကို ကြိုဆိုကြောင်း သူ ပြောပါတယ်။ သူက နှစ်လိုစရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ပွဲကစားခဲ့ရတာ ပျော်ပါတယ်။ ကျွန်တော်တို့ကောင်းကောင်း ကစားခဲ့တယ်။ စိရိုနယ်ဒိုနဲ့မှ ဆုံရပြိုင်ရတာ မဟုတ်ပါဘူး။ ဂရိတ်ကစားသမားတွေနဲ့ ကစားရတာပါ ” လို့ ပြောကြားပါတယ်။

လိုဇာနိုဟာ နာပိုလီအသင်းအတွက် အကောင်းဆုံးကစားပေးဖို့ ရည်မှန်းထားပါတယ်။ နာပိုလီဟာ နိုင်ငံတကာပွဲတွေအပြီး ဆမ်ဒိုးရီးယားနဲ့ ကစားရမှာဖြစ်ပြီး လီဗာပူးနဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲကစားရမှာပါ။