serie a

ထရိန္နင္ဆင္းဖို႔ မပ်င္းနဲ႔လုိ႔ လူကာကူကို ကြန္တီ သတိေပး

Goal Goal > October 8, 2019

လူကာကူဟာ သူ႔ရဲ႕ခႏၶာကိုယ္ဖြဲ႕စည္းပံု အေနအထားေၾကာင့္ သူမ်ားေတြထက္ပိုၿပီး ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္းလုပ္ဖို႔လိုမယ္လို႔ နည္းျပကြန္တီက သတိေပးသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ကာလမွာ မန္ယူကေန အင္တာမီလန္အသင္းကို ယူ႐ိုသန္း ၈၀ ပတ္ဝန္းက်င္နဲ႔ ေျပာင္းေရႊ႕လာခဲ့သူလူကာကူဟာ အေစာပိုင္းပြဲစဥ္ေတြမွာ အသင္းအတြက္ ေျခစြမ္းျပဂုိးသြင္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အနည္းငယ္ ႐ုန္းကန္ေနရျပန္ပါတယ္။ မန္ယူကစားသမားဘဝမွာ ေဝဖန္မႈမ်ားစြာနဲ႔ ရင္ဆုိင္ခဲ့ရတဲ့လူကာကူဟာ အင္တာမီလန္အသင္းကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

လူကာကူဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ႏ်ဴးကမ့္မွာ ဘာစီလိုနာအသင္းကို ရွံဴးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏိုင္ခဲ့ျခင္းမရွိသလုိ ဂ်ဴဗင္တပ္စ္ကို ရွံဴးနိမ့္ခဲ့တဲ့ စီးရီးေအပြဲစဥ္မွာလည္း ဝင္ကစားခြင့္ရေပမယ့္ ေျခစြမ္းမျပႏုိင္ခဲ့ပါဘူး။

လူကာကူအေနနဲ႔ ထရိန္နင္ဆင္းဖို႔ ပ်င္းေနလို႔မရဘူးလို႔ နည္းျပကြန္တီက ေျပာၾကားခဲ့ပါတယ္။ “လူကာကူဟာ ခႏၶာကိုယ္ အေတာ္ေလး ႀကီးမားတဲ့ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုး ၾကံ့ခုိင္မႈအေနအထားမွာ ရွိေနဖို႔အတြက္ သူမ်ားထက္ ေလ့က်င့္ခန္း ပိုလုပ္ရပါမယ္။ အဲဒီအတြက္ ပ်င္းေနလို႔မရပါဘူး။ ေလာေလာဆယ္ေတာ့ သူ႔မွာ ဒဏ္ရာျပႆနာ အနည္းငယ္ ရွိေနပါတယ္။ သူ႔ရဲ႕ေနာက္ေက်ာဒဏ္ရာက အကင္းမေသေသးသလုိ အခုေနာက္ဆံုး ၾကြက္သားဒဏ္ရာလည္း နည္းနည္းရွိေနပါတယ္။

သူဟာ အသင္းအတြက္ တစ္ရာရာခိုင္ႏႈန္း ေပးဆပ္ကစားေနတာကို ကြ်န္ေတာ္ ယံုၾကည္ပါတယ္။ ၾကံ့ခိုင္မႈျပည့္ဝေနရင္ လူကာကူဟာ တကယ္ေၾကာက္စရာေကာင္းတဲ့ တုိက္စစ္မွဴးပါ။ ဒါေၾကာင့္ သူ ၾကံ့ခုိင္မႈ ျပည့္ဝလာမယ့္အခ်ိန္ကို ခဏေလး ေစာင့္ဆုိင္းေပးဖို႔ ပရိသတ္ေတြကို ေတာင္းဆိုခ်င္ပါတယ္”လို႔ ကြန္တီက ေျပာၾကားခဲ့ပါတယ္။

လူကာကူဟာ ဒီႏွစ္ေဘာလံုးရာသီ အင္တာမီလန္အသင္းအတြက္ ၿပိဳင္ပြဲစံု ၈ ပြဲ ကစားခဲ့ရာမွာေတာ့ ၃ ဂိုး သြင္းယူေပးထားပါတယ္။

 

(Unicode)

လူကာကူဟာ သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ အနေအထားကြောင့် သူများတွေထက်ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ဖို့လိုမယ်လို့ နည်းပြကွန်တီက သတိပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ မန်ယူကနေ အင်တာမီလန်အသင်းကို ယူရိုသန်း ၈၀ ပတ်ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူလူကာကူဟာ အစောပိုင်းပွဲစဉ်တွေမှာ အသင်းအတွက် ခြေစွမ်းပြဂိုးသွင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနည်းငယ် ရုန်းကန်နေရပြန်ပါတယ်။ မန်ယူကစားသမားဘဝမှာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့လူကာကူဟာ အင်တာမီလန်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က နျူးကမ့်မှာ ဘာစီလိုနာအသင်းကို ရှံူးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိသလို ဂျူဗင်တပ်စ်ကို ရှံူးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း ဝင်ကစားခွင့်ရပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
လူကာကူအနေနဲ့ ထရိန်နင်ဆင်းဖို့ ပျင်းနေလို့မရဘူးလို့ နည်းပြကွန်တီက ပြောကြားခဲ့ပါတယ်။ “လူကာကူဟာ ခန္ဓာကိုယ် အတော်လေး ကြီးမားတဲ့ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ကြံ့ခိုင်မှုအနေအထားမှာ ရှိနေဖို့အတွက် သူများထက် လေ့ကျင့်ခန်း ပိုလုပ်ရပါမယ်။ အဲဒီအတွက် ပျင်းနေလို့မရပါဘူး။ လောလောဆယ်တော့ သူ့မှာ ဒဏ်ရာပြဿနာ အနည်းငယ် ရှိနေပါတယ်။ သူ့ရဲ့နောက်ကျောဒဏ်ရာက အကင်းမသေသေးသလို အခုနောက်ဆုံး ကြွက်သားဒဏ်ရာလည်း နည်းနည်းရှိနေပါတယ်။
သူဟာ အသင်းအတွက် တစ်ရာရာခိုင်နှုန်း ပေးဆပ်ကစားနေတာကို ကျွန်တော် ယုံကြည်ပါတယ်။ ကြံ့ခိုင်မှုပြည့်ဝနေရင် လူကာကူဟာ တကယ်ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးပါ။ ဒါကြောင့် သူ ကြံ့ခိုင်မှု ပြည့်ဝလာမယ့်အချိန်ကို ခဏလေး စောင့်ဆိုင်းပေးဖို့ ပရိသတ်တွေကို တောင်းဆိုချင်ပါတယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။
လူကာကူဟာ ဒီနှစ်ဘောလုံးရာသီ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲ ကစားခဲ့ရာမှာတော့ ၃ ဂိုး သွင်းယူပေးထားပါတယ်။