serie a

ဒိုေလး ေနာက္ေရာက္ေနတဲ့ ရာသီအစ စီးရီးေအ ဂိုးအမ်ားဆုံးသြင္းထားတဲ့ ကစားသမားစာရင္း

Goal Goal > October 8, 2019

စီးရီးေအရာသီအစ ဂိုးသြင္းအမ်ားဆုံး ကစားသမားစာရင္းကို ၾကည့္မယ္ဆိုရင္ ေပၚတူဂီနဲ႔ ဂ်ဴဗင္တပ္စ္တိုက္စစ္မႈး စီ႐ိုနယ္ဒိုတစ္ေယာက္ေနာက္ေရာက္ေနတာကို ေတြ႕ရပါတယ္။ ပြဲစဥ္ ၇ အၿပီးမွာ လာဇီယိုတိုက္စစ္မႈး အင္မိုဘိုင္းက ပင္နယ္တီတစ္ဂိုးအပါအဝင္ ၇ ဂိုးသြင္းကာ ဂိုးသြင္းအမ်ားဆုံးျဖစ္ေနပါတယ္။ ဒုတိယေနရာမွာ အတၱလန္တာတိုက္စစ္မႈး ဇာပါတာရပ္တည္ကာ ပင္နယ္တီဂိုးမပါဘဲ ၆ ဂိုးသြင္းထားပါတယ္။ တိုရီႏိုတိုက္စစ္မႈး ဘယ္ေလာ့တီက ပင္နယ္တီ ၂ ဂိုးပါဝင္ၿပီး ၅ ဂိုးသြင္းေပးထားပါတယ္။ ဆက္ဆူအိုလိုတိုက္စစ္မႈး ဘာရာဒီက ပင္နယ္တီမပါဘဲ ၅ ဂိုးသြင္းထားတာကို ေတြ႕ရပါတယ္။ ၇ ပြဲအၿပီး ၄ ဂိုးသြင္းထားတဲ့ ကစားသမား ၄ ဦးရွိၿပီး သူတို႔ကေတာ့ ဘရက္ရွားက ဒြန္နာရမ္မာ ႐ိုးမားက ဒီဇီကို လက္ခ်ီက မန္ကိုဆု နာပိုလီအသင္းက မာတန္တို႔ ျဖစ္ၾကပါတယ္။
ေပၚတူဂီတိုက္စစ္မႈး စီ႐ိုနယ္ဒိုဟာ စီးရီးေအ ၆ ပြဲကစားထားရာမွာ ပင္နယ္တီတစ္ဂိုးအပါအဝင္ ၃ ဂိုးသာသြင္းထားပါတယ္။ ၃ ဂိုးသာသြင္းထားတဲ့ စီ႐ိုနယ္ဒိုဟာ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာ အဆင့္ ၁၀ ေနရာေရာက္ေနတာပါ။ စီ႐ိုနယ္ဒိုဟာ မႏွစ္က စီးရီးေအ ၂၁ ဂိုးသြင္းထားသူျဖစ္ပါတယ္။ စီ႐ိုနယ္ဒိုက ၃ ဂိုးသာရထားခ်ိန္ လူကာကူကလည္း ၃ ဂိုးသာသြင္းထားပါတယ္။ စီ႐ိုနယ္ဒိုနဲ႔ လူကာကူလို ၃ ဂိုးစီ သြင္းထားသူေတြက ဆန္ဆီ(အင္တာမီလန္)ပယ္လ္ဂါ(ဖီအိုရင္တီးနား) ပီတက္နာ(စပဲလ္) ကိုနာမီ(ဂ်ီႏိုအာ) ကိုလာေရာ့ဗ္(႐ိုးမား) ဂိုမက္ဇ္နဲ႔ ဂိုဆန္(အတၱလန္တာ) ပီဒ႐ို(ကက္ဂလီယာရီ) အင္ဆိုင္နီ(နာပိုလီ)တို႔ျဖစ္ပါတယ္။မႏွစ္က စီးရီးေအဂိုးသြင္းအမ်ားဆုံး ကြာဂလီရယ္လာဟာ ဒီႏွစ္မွာ ေျခစြမ္းက်ဆင္းေနပါတယ္။ သူဟာ ဒီႏွစ္စီးရီးေအ ၆ ပြဲကစားၿပီးခ်ိန္မွာ တစ္ဂိုးသာသြင္းေပးထားပါတယ္။ စီ႐ိုနယ္ဒိုနဲ႔ လူကာကူဟာ စီးရီးေအဂိုးသြင္းအမ်ားဆုံးထိပ္ပိုင္းေနရာျပန္ေရာက္ဖို႔အတြက္ လာမယ့္ပြဲေတြမွာ ဂိုးေတြသြင္းျပဖို႔ လိုအပ္ေနၿပီ ျဖစ္ပါတယ္။

 

Unicode

စီးရီးအေရာသီအစ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ကြည့်မယ်ဆိုရင် ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှုး စီရိုနယ်ဒိုတစ်ယောက်နောက်ရောက်နေတာကို တွေ့ရပါတယ်။ ပွဲစဉ် ၇ အပြီးမှာ လာဇီယိုတိုက်စစ်မှုး အင်မိုဘိုင်းက ပင်နယ်တီတစ်ဂိုးအပါအဝင် ၇ ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးဖြစ်နေပါတယ်။ ဒုတိယနေရာမှာ အတ္တလန်တာတိုက်စစ်မှုး ဇာပါတာရပ်တည်ကာ ပင်နယ်တီဂိုးမပါဘဲ ၆ ဂိုးသွင်းထားပါတယ်။ တိုရီနိုတိုက်စစ်မှုး ဘယ်လော့တီက ပင်နယ်တီ ၂ ဂိုးပါဝင်ပြီး ၅ ဂိုးသွင်းပေးထားပါတယ်။ ဆက်ဆူအိုလိုတိုက်စစ်မှုး ဘာရာဒီက ပင်နယ်တီမပါဘဲ ၅ ဂိုးသွင်းထားတာကို တွေ့ရပါတယ်။ ၇ ပွဲအပြီး ၄ ဂိုးသွင်းထားတဲ့ ကစားသမား ၄ ဦးရှိပြီး သူတို့ကတော့ ဘရက်ရှားက ဒွန်နာရမ်မာ ရိုးမားက ဒီဇီကို လက်ချီက မန်ကိုဆု နာပိုလီအသင်းက မာတန်တို့ ဖြစ်ကြပါတယ်။

ပေါ်တူဂီတိုက်စစ်မှုး စီရိုနယ်ဒိုဟာ စီးရီးအေ ၆ ပွဲကစားထားရာမှာ ပင်နယ်တီတစ်ဂိုးအပါအဝင် ၃ ဂိုးသာသွင်းထားပါတယ်။ ၃ ဂိုးသာသွင်းထားတဲ့ စီရိုနယ်ဒိုဟာ ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့် ၁၀ နေရာရောက်နေတာပါ။ စီရိုနယ်ဒိုဟာ မနှစ်က စီးရီးအေ ၂၁ ဂိုးသွင်းထားသူဖြစ်ပါတယ်။ စီရိုနယ်ဒိုက ၃ ဂိုးသာရထားချိန် လူကာကူကလည်း ၃ ဂိုးသာသွင်းထားပါတယ်။ စီရိုနယ်ဒိုနဲ့ လူကာကူလို ၃ ဂိုးစီ သွင်းထားသူတွေက ဆန်ဆီ(အင်တာမီလန်)ပယ်လ်ဂါ(ဖီအိုရင်တီးနား) ပီတက်နာ(စပဲလ်) ကိုနာမီ(ဂျီနိုအာ) ကိုလာရော့ဗ်(ရိုးမား) ဂိုမက်ဇ်နဲ့ ဂိုဆန်(အတ္တလန်တာ) ပီဒရို(ကက်ဂလီယာရီ) အင်ဆိုင်နီ(နာပိုလီ)တို့ဖြစ်ပါတယ်။

မနှစ်က စီးရီးအေဂိုးသွင်းအများဆုံး ကွာဂလီရယ်လာဟာ ဒီနှစ်မှာ ခြေစွမ်းကျဆင်းနေပါတယ်။ သူဟာ ဒီနှစ်စီးရီးအေ ၆ ပွဲကစားပြီးချိန်မှာ တစ်ဂိုးသာသွင်းပေးထားပါတယ်။ စီရိုနယ်ဒိုနဲ့ လူကာကူဟာ စီးရီးအေဂိုးသွင်းအများဆုံးထိပ်ပိုင်းနေရာပြန်ရောက်ဖို့အတွက် လာမယ့်ပွဲတွေမှာ ဂိုးတွေသွင်းပြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။