serie a

ဒိုလေးအပါအဝင် နိုင်ငံပွဲ ကစားရမယ့် ဂျူဗင်တပ်စ်အသင်း ကစားသမား ၁၄ ဦး

Goal Goal > October 9, 2019















 

(Unicode)

(၁) အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး စီရိုနယ်ဒိုဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲကစားမယ့် ပေါ်တူဂီကို ဦးဆောင်ကာ လူဇင်ဘတ်၊ ယူကရိန်းနဲ့ပွဲကို ဝင်ကစားမှာပါ။
(၂) ဝါရင့်နောက်ခံလူ ဘိုနုချီဟာ ယူရိုကစားမယ့် အီတလီအသင်းအတွက် ပါဝင်ကစားမှာ ဖြစ်ပါတယ်။
(၃) ဘိုနုချီလိုပဲ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဘာနာဒက်ချီဟာ ဂရိ၊ လက်ချင်စတိန်းတို့နဲ့ပွဲမှာ ပါဝင်ကစားမှာပါ။
(၄) ဂျာမနီကွင်းလယ်လူ အမ်မရီကန်ဟာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲအပြင် အက်စတိုးနီးယားနဲ့ ယူရိုခြေစစ်ပွဲကိုလည်း ကစားမှာပါ။
(၅) ဘရာဇီးနောက်ခံလူ ဆန်ဒရိုဟာ ဆီနီဂေါ၊ နိုင်ဂျီးရီးယားတို့နဲ့ ခြေစမ်းပွဲမှာ ပါဝင်လာမှာပါ။
(၆) ပီဂျာနစ်ဟာ ယူရိုခြေစစ်ပွဲကစားမယ့် ဘော့စနီးယားကို ဦးဆောင်မှာ ဖြစ်ပါတယ်။
(၇) ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာဟာ ပီရူးပွဲမှာ ပါဝင်ကစားမှာပါ။
(၈) ကိုလံဘီယာကစားသမား ကွာဒရာဒိုဟာ ချီလီ၊ အယ်လ်ဂျီးရီးယားတို့နဲ့ပွဲမှာ ကစားနိုင်မှာပါ။
(၉) တိုက်စစ်မှူး ဒိုင်ဘာလာဟာ ဂျာမနီ၊ အီကွေဒေါတို့နဲ့ပွဲမှာ ကစားမှာ ဖြစ်ပါတယ်။
(၁၀) ဒီလစ်ဟာ ဘီလာရုစ်၊ မြောက်အိုင်ယာလန်တို့နဲ့ပွဲမှာ နယ်သာလန်အတွက် ကစားမှာပါ။
(၁၁) ပြင်သစ်ကစားသမား မာတူဒီဟာ အိုက်စလန်၊ တူရကီတို့နဲ့ပွဲမှာ ပါဝင်မှာပါ။
(၁၂) ဂိုးသမား ဆက်ဇီနီဟာ ပိုလန်ရဲ့ ယူရိုခြေစစ်ပွဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
(၁၃) ကွင်းလယ်လူ ရမ်ဆေးဟာ ယူရိုခြေစစ်ပွဲကစားမယ့် ဝေးလ်အသင်းမှာ ပါဝင်မှာပါ။
(၁၄) တူရကီကစားသမား ဒီမီရယ်ဟာ အယ်လ်ဘေးနီးယား၊ ပြင်သစ်တို့နဲ့ပွဲ ကစားမှာပါ။