serie a

ဒိုင်ဘာလာလည်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရ

Goal Goal > March 22, 2020

အာဂျင်တီးနားတိုက်စစ်ကစားသမားဒိုင်ဘာလာဟာ ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ တတိယမြောက် ဂျူဗင်တပ်စ်ကစားသမားဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အီတလီနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ အတော်လေးဆိုးရွားလျက်ရှိနေပြီး ဥရောပမှာ အဆိုးဆုံးဖြစ်နေခဲ့တာပါ။ ဒိုင်ဘာလာနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အိုရီရာနာတို့နှစ်ဦးစလုံး ရောဂါပိုးကူးစက်ခံထားရကြောင်း ကာယကံရှင်က အတည်ပြုပေးခဲ့ပါတယ်။“ကျွန်တော်နဲ့ အိုရီရာနာ နှစ်ဦးစလုံး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်တို့နှစ်ဦးစလုံး ကျန်းမာရေးကောင်းပါတယ်။ ကျွန်တော်တို့ကိုစိတ်ပူပြီး သတင်းမေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်”လို့ ဒိုင်ဘာလာက ပြောကြားခဲ့ပါတယ်။ ဒိုင်ဘာလာကို မတ်လ၁၁ရက်နေ့ကတည်းက ဝူဟန်ဗိုင်းရပ်စ်ကြောင့် စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အခုတော့ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီလို့ ဂျူဗင်တပ်စ်အသင်းက တရားဝင်သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ ဒိုင်ဘာလာဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တတိယမြောက် ဂျူဗင်တပ်စ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ နောက်ခံလူရူဂါနီနဲ့ ကွင်းလယ်ကစားသမား မာတွီဒီတို့ဟာလည်း ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားခဲ့ရတာပါ။ဂျူဗင်တပ်စ်ကစားသမားတွေဖြစ်ကြတဲ့ ဒေါက်ဂလပ်စ်ကော်စတာ၊ ဟီဂူအင်၊ ပီဂျာနစ်နဲ့ ခီဒီရာတို့ကို အိမ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ရော်နယ်ဒိုကတော့ အစောပိုင်းကတည်းက ဇာတိမြို့ကလေးကို ပြန်ရောက်နေခဲ့တာပါ။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံကို ပြင်ပနဲ့ လတ်တလော အဆက်အသွယ်ဖြတ်ထားခဲ့ပြီဖြစ်သလို ဘောလုံးပွဲနဲ့ အခြားအားကစားပွဲများကိုလည်း အစောဆုံးဧပြီလကုန်အထိ ရပ်နားထားခဲ့တာဖြစ်ပါတယ်။