serie a

ဇလာတန်က မက်ဆီတို့၊ ဒိုလေးတို့နဲ့ လယ်ဗယ်တူပါပဲ … (မန်စီနီ)

Goal Goal > April 19, 2020

နာမည်ကျော် ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ဟာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တစ်တန်းတစ်စားထဲ သတ်မှတ်ရမယ့် ကစားသမားတစ်ယောက်ဖြစ်တယ်လို့ အီတလီလက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူ မန်စီနီက သုံးသပ်သွားခဲ့ပါတယ်။ ဇလာတန်ဟာ သမိုင်းတလျှောက် အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တယ်လို့လည်း မန်စီနီကဆိုပါတယ်။ မန်စီနီဟာ အင်တာနည်းပြဘဝမှာ ဇလာတန်နဲ့ အတူအလုပ်တွဲလုပ်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇလာတန်ဟာ လက်ရှိအချိန်ထိ ခြေစွမ်းပြကစားနေဆဲဖြစ်ပြီး အေစီမီလန်တိုက်စစ်ကို ဦးဆောင်ကစားလျက် ရှိနေပါတယ်။
“ဇလာတန်ဟာ သမိုင်းတလျှောက် အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ တစ်ယောက်အပါအဝင်ပါပဲ၊ သူဟာ ရောက်လေရာမှာ သွင်းဂိုးတွေ၊ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ကို မက်ဆီတို့၊ ရော်နယ်ဒိုတို့နဲ့ တစ်တန်းတစ်စားထဲလို့ သတ်မှတ်ရပါလိမ့်မယ်။ အသက် ၃၈ နှစ်အရွယ်ထိ သူဟာ ခြေစွမ်းပြကစားနေဆဲဖြစ်ပြီး အေစီမီလန်တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ကစားနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့အနာဂတ်ကိုတော့ ကျွန်တော် မသိရပါဘူး။ အဲဒါကို ကျွန်တော် စိတ်ဝင်စားနေပါတယ်”လို့ မန်စီနီက ပြောကြားခဲ့ပါတယ်။

ဇလာတန်ဟာ ကစားသမားဘဝတစ်လျှောက်မှာ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ PSG၊ မန်ယူနဲ့ LA ဂလက်ဆီအသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ ကလပ်အသင်းကစားသမားဘဝမှာ စုစုပေါင်း ၇၉၈ ပွဲ ပါဝင်ကစားထားပြီး ၄၇၈ ဂိုးထိ သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။