champion league

၂၀၁၉ ဘော်လွန်းဒီအော်ဆုအတွက် မက်ဆီရဲ့ပြိုင်ဘက် ဗန်ဒစ် ဖြစ်လာနိုင်ကြောင်း ဒိုလေး ပြော

Goal Goal > June 3, 2019

ဘော်လွန်းဒီအော်ဆုဟာ ထိပ်တန်းကစားသမားတိုင်း လိုချင်တဲ့ဆုဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဒီဆုကို ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် ပိုင်ဆိုင်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ စီရိုနယ်ဒိုတို့ဟာ ဘော်လွန်းဒီအော်ဆုကို မိုနိုပိုလီ ကစားသလိုသူတစ်လှည့် ငါတစ်ခါ ယူထားကြသူတွေ ဖြစ်ကြပါတယ်။ ၂၀၁၉ ဘော်လွန်းဒီအော်ဆုပေးဖို့ အဝေးကြီး လိုနေသေးပေမယ့် ဘယ်ကစားသမား ရဖို့ ရေပန်းစားသလဲဆိုတာက ကစားသမား စွမ်းဆောင်ရည်အရ ပြောနိုင်ဆိုနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းခဲ့ပြီးနောက် ခြေစွမ်းမကျဘဲ ကစားခဲ့သူက စီရိုနယ်ဒို ဖြစ်ပါတယ်။ စီရိုနယ်ဒိုဟာ ဒီရာသီမှာ ဂိုးသွင်းနှုန်း ကျဆင်းခဲ့ပေမယ့် အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ စီရိုနယ်ဒိုဟာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ လွဲချော်ခဲ့ပေမယ့် ချန်ပီယံလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ စီရိုနယ်ဒိုဟာ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကြည့်ရှုအားပေးခဲ့ပါတယ်။

ဒီသတင်းကို Don Balon က ဖော်ပြခဲ့တာဖြစ်ပြီး စီရိုနယ်ဒိုဟာ စိတ်ဝင်တစား ကြည့်ခဲ့တာပါ။ လီဗာပူးအသင်း ဒီရာသီ ချန်ပီယံလိဂ် ဆုဖလားရခဲ့ရာမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့သူက နယ်သာလန် နောက်ခံလူ ဗန်ဒစ် ဖြစ်ပါတယ်။ ဗန်ဒစ်ဟာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းခဲ့ပြီးနောက် အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့သူပါ။ ဗန်ဒစ်ဟာ ၂၀၁၉ ဘော်လွန်းဒီအော်ဆုရနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။၂၀၁၉ ဘော်လွန်းဒီအော်ဆုအတွက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို အကောင်းဆုံး ပြိုင်ဆိုင်နိုင်မှာက ဗန်ဒစ်ဖြစ်ကြောင်း စီရိုနယ်ဒိုက ရီးရဲလ်မက်ဒရစ် ကစားဖော်ဟောင်းတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စီရိုနယ်ဒိုဟာ လီဗာပူးနဲ့ စပါးပွဲ ကြည့်နေစဉ် Whatsapp Group Chat မှာ ကစားဖော်ဟောင်းတွေကို သူ့အမြင်အတိုင်း ပြောခဲ့တာပါ။

မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဂိုးတွေ တဒိုင်းဒိုင်း သွင်းပေးခဲ့ပါတယ်။ မက်ဆီဟာ၂၀၁၉ ဘော်လွန်းဒီအော်ဆုရဖို့အတွက် ရေပန်းစားနေပါတယ်။ တကယ်လို့ မက်ဆီဟာ ဒီနှစ် ကိုပါအမေရိကဖလား ရလိုက်ရင် ဘော်လွန်းဒီအော်ဆုရဖို့ သေချာသလောက် ဖြစ်သွားမှာပါ။ ဗန်ဒစ်ကတော့ မက်ဆီသာ ဘော်လွန်းဒီအော်ဆု ရဖို့ထိုက်တန်ကြောင်း သူ့အနေနဲ့လည်း ဘော်လွန်းဒီအော်ဆုရရင် လိုချင်ကြောင်း ပြောထားပါတယ်။