champion league

ဒိုလေးကို ၂၃၁ မှတ် မက်ဆီကို ၉၈မှတ်ဖြတ်နိုင်တဲ့ ဗန်ဒစ်နဲ့ ၂၀၁၈-၁၉ ဥရောပအကောင်းဆုံး ကစားသမားဆု ထိပ်ဆုံး ၉ ဦး မဲစာရင်း

Goal Goal > August 30, 2019

၂၀၁၈-၁၉ ဥရောပတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဗာပူးက နယ်သာလန်ခံစစ်ကစားသမား ဗန်ဒစ် ဆွတ်ခူးရရှိခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုဟာ ဥရောပတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ်နဲ့ မက်ဆီကတော့ ၂ ကြိမ်ရခဲ့ပေမယ့်လည်း အခုဆိုရင် နှစ်နှစ်ဆက်တိုက် ဆုလွဲချော်ခဲ့ပါတယ်။ မနှစ်က ဥရောပတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ် ဆွတ်ခူးခဲ့တာပါ။ ဒီနှစ်ဆုပိုင်ရှင် ဗန်ဒစ်ဟာ တစ်နှစ်တာအကောင်းဆုံး ခံစစ်ကစားသမားဆုကိုလည်း လက်ခံရရှိခဲ့ပါတယ်။ ဗန်ဒစ်အပြင် တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကို အယ်လစ်ဆန်ရခဲ့တာကြောင့် လီဗာပူးဂုဏ်တက်စေခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံး ကွင်းလယ်လူအဖြစ် ဒီဂျောင် ရွှေးချယ်ခံရပြီး တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးက မက်ဆီဖြစ်ပါတယ်။ဥရောပတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရွှေးချယ်ရာမှာ ယမန်နှစ်ချန်ပီယံလိဂ် ၃၂ သင်းနဲ့ ယူရိုပါလိဂ် ၄၈ သင်းက နည်းပြကိုယ်စီ မဲပေးကြတာဖြစ်ပါတယ်။ ကစားသမား ၃ ဦးအနက် ပထမကို ၅ မှတ် ဒုတိယကို ၃ မှတ် တတိယ ၁ မှတ်ပေးရတာဖြစ်ပြီး ဥရောပစပို့စ်မီဒီယာက ဂျာနယ်လစ် ၅၅ ဦးလည်း ပါဝင်မဲပေးကြပါတယ်။ ဗန်ဒစ်ဟာ ဒီနှစ်ဆုအတွက် မက်ဆီနဲ့ စီရိုနယ်ဒိုတို့ကို မဲအပြတ်အသတ်ဖြတ်ခဲ့ပါတယ်။ ဗန်ဒစ်ရဲ့ရမှတ်နဲ့ထိပ်ဆုံး ၁၀ ယောက် အမှတ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ဗန်ဒစ်   နယ်သာလန်/လီဗာပူး        ၃၀၅ မှတ်

မက်ဆီ အာဂျင်တီးနား/ဘာစီလိုနာ   ၂၀၇ မှတ်

စီရိုနယ်ဒို ပေါ်တူဂီ/ ဂျူဗင်တပ်စ်       ၇၄ မှတ်

မာနေး   ဆီနီဂေါ/လီဗာပူး             ၅၁ မှတ်

ဆာလက်ခ်ျ အီဂျစ်/လီဗာပူး            ၄၉ မှတ်

ဟာဇက်  ဘယ်လ်ဂျီယံ/ရီးရဲလ်        ၃၈ မှတ်

ဒီလစ်   နယ်သာလန်/ဂျူဗင်တပ်စ်    ၂၇ မှတ်

ဒီဂျောင်  နယ်သာလန်/ဘာစီလိုနာ    ၂၇ မှတ်

စတာလင်း အင်္ဂလန်/မန်စီးတီး         ၁၂ မှတ်