champion league

ဂျူဗီအတွက် သိပ်ခက်တဲ့ ချန်ပီယံလိဂ် အုပ်စုဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်တဲ့ နက်ဗက်ဒ်

Goal Goal > August 30, 2019

စီးရီးအေချန်ပီယံအသင်း ဂျူဗင်တပ်စ်ဟာ ပြည်တွင်းပြိုင်ပွဲမှာ ပြိုင်ဘက်ကင်းအသင်းအဖြစ် ရပ်တည်ကာ အောင်မြင်မှုတွေ များစွာရထားပါတယ်။ ဂျူဗင်တပ်စ်ဟာ စကူဒက်တိုချန်ပီယံဆုကို မရိုးအောင် ရထားပေမယ့်လည်း  ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေတာက တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ဘုရင် တိုက်စစ်မှူး စီရိုနယ်ဒိုကိုပါ ခေါ်ယူပြီး ချန်ပီယံလိဂ်ပြန်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ဂျူဗင်တပ်စ်ဟာ မနှစ်က ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ဟာ ကွာတားဖိုင်နယ်မှာ အေဂျက်အသင်းကို နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးခဲ့တာပါ။

ဂျူဗင်တပ်စ်ဟာ ဒီနှစ်မှာလည်း ချန်ပီယံလိဂ်ပြန်ရဖို့ အကောင်းဆုံး တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲကို မနေ့ကမိုနာကိုမှာ ကျင်းပခဲ့ပြီး ဂျူဗင်တပ်စ်ဟာ အုပ်စု D မှာ ပါဝင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ အုပ်စုအဆင့်မှာ ပြိုင်ဖက်ကောင်းတွေနဲ့ ကစားရမှာဖြစ်ပြီး အက်သလက်တီကို၊ လေဗာကူဆင်၊ လိုကိုမိုးတစ်၊ မော်စကိုတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိ အသင်းဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ နက်ဗက်ဒ်က သူတို့အသင်းအတွက် သိပ်ခက်တဲ့အုပ်စုဖြစ်ကြောင်း ပြောပါတယ်။

နက်ဗက်ဒ်က ” ကျွန်တော့်အတွက် ဒီအုပ်စုက ခက်တယ် ပြောရမယ်။ မလွယ်နိုင်ဘူး။ ချန်ပီယံလိဂ်မှာ ဘယ်အုပ်စုမှ မလွယ်ပါဘူး။ ပထမအဆင့်အနေနဲ့ အုပ်စုတက်အောင် လုပ်ရမယ်။ အက်သလက်တီကိုအကြောင်း ကောာင်းကောင်း သိပါတယ်။ ရာသီကြိုမှာ တွေ့ခဲ့တယ်လေ။ လေဗာကူဆင်နဲ့ အဝေးကွင်းပွဲကလည်း ခက်မှာပါ။ လိုကိုမိုးတစ်ကတော့ နိုင်ငံခြားသားကစားသမားတွေများပြီး ခရီးရှည်သွားကစားရမှာပါ ” လို့ပြောပါတယ်။