champion league

ချန်ပီယံလိဂ် အုပ်စုကျပ်ရင် ဘယ်လိုခံစားရလဲဆိုတာကို မချိပြုံးနဲ့ ပြသလိုက်တဲ့ ဆလားဗီးယားပရက်က ကိုကြီး

Goal Goal > August 30, 2019

ချန်ပီယံလိဂ် အုပ်စုအဆင့်မဲခွဲပွဲကို မနေ့က မိုနာကိုမှာ ကျင်းပခဲ့ပြီး အုပ်စုကျပ်လို့ ညည်းတွားတဲ့သူနဲ့ အုပ်စုချောင်လို့ ပျော်ခဲ့ကြသူတွေရှိခဲ့ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ် လက်ရှိချန်ပီယံ လီဗာပူးဟာ မနှစ်က တစ်အုပ်စုတည်း ကျခဲ့တဲ့ နာပိုလီနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းကြီး၊ အသင်းလတ်၊ အသင်းငယ် စသဖြင့် ခြေစွမ်းကွာခြားမှုတွေ ရှိပါတယ်။ များသောအားဖြင့် အသင်းငယ်တွေဟာ မခံချင်စိတ်နဲ့သာ ကစားရတာဖြစ်ပြီး အုပ်စုအဆင့်နဲ့ ဇာတ်သိမ်းတာ များပါတယ်။ ဒီနှစ်ပြိုင်ပွဲ မဲခွဲပွဲအပြီး ဥရောပ ထိတ်ထိတ်ကြဲကလပ်တွေသာ နောက်အဆင့်တွေ တက်ရောက်ဖို့ ရေပန်းစားတာက မဆန်းပါဘူး။

ဒီနှစ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရတဲ့ အသင်းတစ်သင်းတော့ ချက်ချန်ပီယံအသင်း ဆလားဗီးယားပရက် ဖြစ်ပါတယ်။ ဆလားဗီးယားပရက်ဟာ ပြိုင်ပွဲဝင်အသင်းတွေအနက် ကံအဆိုးဆုံးအသင်း ဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ အသင်းငယ် ဆလားဗီးယားဟာ ချန်ပီယံဟောင်း ဘာစီလိုနာ၊ ဒေါ့မွန်၊ အင်တာမီလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။  ပြိုင်ဘက်အသင်းတွေကို ဆလားဗီးယားပရက် ကျော်ဖြတ်ဖို့က လေထဲအိမ်ဆောက်သလို ဖြစ်နေပါတယ်။

ဆလားဗီးယားပရက်ဟာ ဆရာကြီးအသင်းတွေကို ကျော်နိုင်ဖို့ အားမရှိပါဘူး။ အုပ်စုခွဲဝေမှု ပြုလုပ်ခဲ့စဉ် ဆလားဗီးယားအသင်း ကိုယ်စားလှယ်တွေရဲ့ အပြုအမူက သနားစရာတောင် ကောင်းနေပါတယ်။ ဆရာကြီးတွေ စုနေတဲ့အုပ်စုမှာ ပါဝင်ကြောင်း သိရချိန် ဆလားဗီးယားကိုယ်စားလှယ် အကြီးအကဲရဲ့အပြုံးက အသက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလူဟာ သိသိချင်း မချိပြုံးလေးသာ ပြုံးနေခဲ့ပါတယ်။ ဆလားဗီးယား ကိုယ်စားလှယ်အဖွဲ့ မချိပြုံးပြုံးတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပေါက်ခဲ့ပါတယ်။ ပရိသတ်တွေက ဆလားဗီးယားကိုယ်စားလှယ်တွေဟာ မရယ်ချင်ဘဲ ငိုရတဲ့ အဓိပ္ပာယ်ကို ပြသတာပဲလို့ reaction ပေးခဲ့ပါတယ်။