champion league

ေျမာက္လန္ဒန္ဟာ အနီမွ အနီအစစ္လို႔ စပါးအသင္းကို ခြီလိုက္တဲ့ အာဆင္နယ္ကစားသမားေဟာင္း ဂနာဘရီ

Goal Goal > October 2, 2019

စပါးအသင္းအိမ္ကြင္းမွာ ဘိုင္ယန္ျမဴးနစ္က ၇ ဂိုး ၂ ဂိုးနဲ႔ ဂိုးျပတ္အနိုင္ရခဲ့ရာမွာ အေကာင္းဆုံး ေျခစြမ္းျပၿပီး တစ္ဦးတည္း ၄ ဂိုးသြင္းေပးခဲ့သူက ေတာင္ပံကစားသမားဂနာဘရီ ျဖစ္ပါတယ္။ ဘိုင္ယန္ဟာ အဂၤလန္ေျမမွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး အံအားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ဂိုးမိုးရြာနိုင္ခဲ့တာပါ။ စပါးအသင္းကေတာ့ ၁၉၉၅ ေနာက္ပိုင္း ဥေရာပၿပိဳင္ပြဲတစ္ရပ္မွာ ၇ ဂိုး ေပးရတဲ့ ပထမဆုံးအဂၤလန္ကလပ္ ျဖစ္လာခဲ့ပါတယ္။ ၄ ဂိုးသြင္းကာ ေျခစြမ္းျပခဲ့တဲ့ ဂနာဘရီဟာ ကစားသမားဘဝက အာဆင္နယ္အသင္းမွာ ပါဝင္ကစားခဲ့ဖူးပါတယ္။ သူဟာ အာဆင္နယ္အသင္းမွာ မေအာင္ျမင္ခဲ့ဘဲ အသင္းေျပာင္းရင္းနဲ႔မွ လက္ရွိအခိ်န္ ဘိုင္ယန္ျမဴးနစ္ကို ေရာက္ေနတာျဖစ္ပါတယ္။

စပါးကို ဂိုးျပတ္သြင္းခဲ့တဲ့ ဂနာဘရီဟာ သူ႔အသင္းေဟာင္း အာဆင္နယ္ရဲ့ ခါးသီးၿပိဳင္ဘက္ စပါးကို မ်က္ႏွာေျပာင္လိုက္ပါတယ္။ ဂ်ာမနီကစားသမားဟာ သူ႔တြစ္တာမွာ စာတစ္ေၾကာင္း ေရးခဲ့တာျဖစ္ၿပီး စပါးပရိသတ္ေတြအတြက္ ခံျပင္းစရာျဖစ္ခဲ့ပါတယ္။ ေျမာက္လန္ဒန္ဟာအနီျဖစ္ေၾကာင္း ဂနာဘီက စာေရးကာ စပါးအသင္းကိုခြီလိုက္တာပါ။

ဂနာဘီက “ ၄ ဂိုးသ ြင္းနိုင္ခဲ့တာကတကယ့္ကို အေမးဇင္းဖီလင္ပါ။ အာဆင္နယ္ပရိသတ္ေတြလည္း ဒါကိုႀကိဳက္မယ္ထင္ပါတယ္။ ရလဒ္က ကၽြန္ေတာ္တို႔ အတြက္ ဂရိတ္ ရလဒ္ပါ “ လို႔ဆ ိုပါတယ္။ ဂနာဘရီဟာ ဝါဒါဘရီမင္နဲ႔ ေဟာ့ဖန္ဟမ္းမွာ ကစားၿပီးေနာက္ ဘိုင္ယန္ေရာက္လာသူပါ။ သူဟာ မႏွစ္က ဘိုင္ယန္အတြက္ လိဂ္ ၁၀ ဂိုး သြင္းေပးခဲ့သူပါ။

 

(Unicode)

စပါးအသင်းအိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်က ရ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ရာမှာ အကောင်းဆုံး ခြေစွမ်းပြပြီး တစ်ဦးတည်း ၄ ဂိုးသွင်းပေးခဲ့သူက တောင်ပံကစားသမားဂနာဘရီ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ အင်္ဂလန်မြေမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အံအားသင့်ဖွယ်ကောင်းလောက်အောင် ဂိုးမိုးရွာနိုင်ခဲ့တာပါ။ စပါးအသင်းကတော့ ၁၉၉၅ နောက်ပိုင်း ဥရောပပြိုင်ပွဲတစ်ရပ်မှာ ရ ဂိုး ပေးရတဲ့ ပထမဆုံးအင်္ဂလန်ကလပ် ဖြစ်လာခဲ့ပါတယ်။ ၄ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့တဲ့ ဂနာဘရီဟာ ကစားသမားဘဝက အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။ သူဟာ အာဆင်နယ်အသင်းမှာ မအောင်မြင်ခဲ့ဘဲ အသင်းပြောင်းရင်းနဲ့မှ လက်ရှိအချိန် ဘိုင်ယန်မြူးနစ်ကို ရောက်နေတာဖြစ်ပါတယ်။
စပါးကို ဂိုးပြတ်သွင်းခဲ့တဲ့ ဂနာဘရီဟာ သူ့အသင်းဟောင်း အာဆင်နယ်ရဲ့ ခါးသီးပြိုင်ဘက် စပါးကို မျက်နှာပြောင်လိုက်ပါတယ်။ ဂျာမနီကစားသမားဟာ သူ့တွစ်တာမှာ စာတစ်ကြောင်း ရေးခဲ့တာဖြစ်ပြီး စပါးပရိသတ်တွေအတွက် ခံပြင်းစရာဖြစ်ခဲ့ပါတယ်။ မြောက်လန်ဒန်ဟာအနီဖြစ်ကြောင်း ဂနာဘီက စာရေးကာ စပါးအသင်းကိုခွီလိုက်တာပါ။
ဂနာဘီက “ ၄ ဂိုးသ ွင်းနိုင်ခဲ့တာကတကယ့်ကို အမေးဇင်းဖီလင်ပါ။ အာဆင်နယ်ပရိသတ်တွေလည်း ဒါကိုကြိုက်မယ်ထင်ပါတယ်။ ရလဒ်က ကျွန်တော်တို့ အတွက် ဂရိတ် ရလဒ်ပါ “ လို့ဆ ိုပါတယ်။ ဂနာဘရီဟာ ဝါဒါဘရီမင်နဲ့ ဟော့ဖန်ဟမ်းမှာ ကစားပြီးနောက် ဘိုင်ယန်ရောက်လာသူပါ။ သူဟာ မနှစ်က ဘိုင်ယန်အတွက် လိဂ် ၁၀ ဂိုး သွင်းပေးခဲ့သူပါ။