champion league

အဂူ႐ိုရဲ့ အက္သလက္တီကိုစံခ်ိန္ကို ခ်ိဳးလိုက္နိုင္တဲ့ ေပၚတူဂီတိုက္စစ္မွဴး ဖိလစ္

Goal Goal > October 2, 2019

အက္သလက္တီကိုအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စု ဒုတိယပြဲအျဖစ္ လိုကိုမိုးတစ္ေမာ္စကိုကြင္းမွာ သြားေရာက္ကစားခဲ့ရၿပီး ၂ ဂိုး ဂိုးမရွိ အနိုင္ရခဲ့ပါတယ္။ အက္သလက္တီကိုဟာ ပထမပိုင္းမွာ ဂိုးကံေခခဲ့ေပမယ့္ ဒုတိယပိုင္းျပန္စလို႔ မၾကာခင္မွာပဲဂိုးရခဲ့ပါတယ္။ အက္သလက္တီကိုအသင္းအတြက္ ဦးေဆာင္ဂိုးကို ေပၚတူဂီလူငယ္တိုက္စစ္မွဴး ယာအိုဖိလစ္က သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ ဖိလစ္ဟာ ေပၚတူဂီေနာက္ေပါက္ ကစားသမားေတြထဲမွာ အနာဂတ္အလားအလာရွိတဲ့ ကစားသမားတစ္ဦးျဖစ္ကာ စီ႐ိုနယ္ဒိုလက္သစ္လို႔ နာမည္ႀကီးခဲ့သူပါ။ အက္သလက္တီကိုဟာ ဖိလစ္ကို ေႏြေစ်းကြက္အတြင္း ေျပာင္းေရႊ႕ေၾကးယူ႐ို ၁၂၆ သန္းနဲ႔ အရေခၚခဲ့တာပါ။ ဖိလစ္ဟာ အက္သလက္တီကို အသင္းမွာ တစ္ပြဲထက္တစ္ပြဲ ေျခစြမ္းျပ ကစားေနၿပီ ျဖစ္ပါတယ္။

သူဟာ အက္သလက္တီကိုပြဲမွာ ဂိုးသြင္းခဲ့တာေၾကာင့္ အာဂ်င္တီးနားတိုက္စစ္မမွဴး အဂူ႐ိုရဲ့စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္နိုင္ခဲ့ေၾကာင္း သိရပါတယ္။ အဂူ႐ိုဟာ သူ႔အသက္ ၂၀ ႏွစ္ ၁၀၆ ရက္နဲ႔ အက္သလက္တီကိုရဲ့ အသက္အငယ္ဆုံး ခ်န္ပီယံလိဂ္ ဂိုးသြင္းသူျဖစ္ေနပါတယ္။ အဂူ႐ိုဟာ ၂၀၀၈ ခုႏွစ္က ပီအက္စ္ဗြီပြဲမွာ ဂိုးသြင္းခဲ့တာပါ။

ယာအိုဖိလစ္က သူ႔အသက္ ၁၉ ႏွစ္ ၃၂၅ ရက္နဲ႔ ဂိုးသြင္းနိုင္တာေၾကာင့္ အဂူ႐ိုစံခ်ိန္ကို ခ်ိဳးဖ်က္ကာ အက္သလက္တီကိုရဲ့ ခ်န္ပီယံလိဂ္ အသက္အငယ္ဆုံး ဂိုးသြင္းသူ ျဖစ္လာပါတယ္။ ယာအိုဖိလစ္ဟာ အက္သလက္တီကို ကစားသမားဘဝ ၃ ဂိုး သြင္းထားပါတယ္။ ဖိလစ္က ဒီရာသီမွာ ဂိုးမ်ားစြာ သြင္းယူေပးမွာျဖစ္ေၾကာင္း ၾကဳံးဝါးထားပါတယ္။

 

(Unicode)

အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲအဖြစ် လိုကိုမိုးတစ်မော်စကိုကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ၂ ဂိုး ဂိုးမရှိ အနိုင်ရခဲ့ပါတယ်။ အက်သလက်တီကိုဟာ ပထမပိုင်းမှာ ဂိုးကံခေခဲ့ပေမယ့် ဒုတိယပိုင်းပြန်စလို့ မကြာခင်မှာပဲဂိုးရခဲ့ပါတယ်။ အက်သလက်တီကိုအသင်းအတွက် ဦးဆောင်ဂိုးကို ပေါ်တူဂီလူငယ်တိုက်စစ်မှူး ယာအိုဖိလစ်က သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ဟာ ပေါ်တူဂီနောက်ပေါက် ကစားသမားတွေထဲမှာ အနာဂတ်အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်ကာ စီရိုနယ်ဒိုလက်သစ်လို့ နာမည်ကြီးခဲ့သူပါ။ အက်သလက်တီကိုဟာ ဖိလစ်ကို နွေစျေးကွက်အတွင်း ပြောင်းရွှေ့ကြေးယူရို ၁၂၆ သန်းနဲ့ အရခေါ်ခဲ့တာပါ။ ဖိလစ်ဟာ အက်သလက်တီကို အသင်းမှာ တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းပြ ကစားနေပြီ ဖြစ်ပါတယ်။
သူဟာ အက်သလက်တီကိုပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် အာဂျင်တီးနားတိုက်စစ်မမှူး အဂူရိုရဲ့စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဂူရိုဟာ သူ့အသက် ၂၀ နှစ် ၁၀၆ ရက်နဲ့ အက်သလက်တီကိုရဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဂိုးသွင်းသူဖြစ်နေပါတယ်။ အဂူရိုဟာ ၂၀၀၈ ခုနှစ်က ပီအက်စ်ဗွီပွဲမှာ ဂိုးသွင်းခဲ့တာပါ။
ယာအိုဖိလစ်က သူ့အသက် ၁၉ နှစ် ၃၂၅ ရက်နဲ့ ဂိုးသွင်းနိုင်တာကြောင့် အဂူရိုစံချိန်ကို ချိုးဖျက်ကာ အက်သလက်တီကိုရဲ့ ချန်ပီယံလိဂ် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာပါတယ်။ ယာအိုဖိလစ်ဟာ အက်သလက်တီကို ကစားသမားဘဝ ၃ ဂိုး သွင်းထားပါတယ်။ ဖိလစ်က ဒီရာသီမှာ ဂိုးများစွာ သွင်းယူပေးမှာဖြစ်ကြောင်း ကြုံးဝါးထားပါတယ်။