champion league

ရီးရဲလ္မက္ဒရစ္ခံစစ္ ရယ္စရာေကာင္းေၾကာင္း ျပစ္တင္ေျပာၾကားလိုက္တဲ့ ဇီဒန္း

Goal Goal > October 2, 2019

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းက ဘ႐ုဂ်က္နဲ႔ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ အသင္းခံစစ္ ရယ္စရာေကာင္းေၾကာင္း ျပစ္တင္ေျပာၾကားလိုက္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဒီရာသီမွာ ရလဒ္ေတြဆိုးရြားေနၿပီး နည္းျပဇီဒန္းတစ္ေယာက္ ဖိအားေတြ ရင္ဆိုင္ေနရပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲမွာ ပီအက္စ္ဂ်ီကို ဂိုးျပတ္႐ႈံးခဲ့ၿပီးေနာက္ အုပ္စုဒုတိယပြဲအျဖစ္ အိမ္ကြင္းကစားခဲ့ရတာ ျဖစ္ပါတယ္။ ရီးရဲလ္ဟာ အိမ္ကြင္းမွာ ေနာက္ကေနေတာင္ လိုက္ကစားခဲ့ရၿပီး ကံေကာင္းလို႔ သေရက်ခဲ့တာပါ။ ဘ႐ုဂ်က္ဟာ ဦးေဆာင္ဂိုးေတြေတာင္ရခဲ့ၿပီး ပြဲကိုဦးေဆာင္နိုင္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ အ႐ႈံးကေန သေရရေအာင္ ကစားခဲ့ရတာက မျဖစ္သင့္ပါဘူး။ ရီးရဲလ္ခံစစ္ဟာ ေတာ္ေတာ္ေလး ဆိုးရြားခဲ့ၿပီး မေပးသင့္တဲ့ဂိုးေတြ ေပးခဲ့ရတဲ့အျပင္ ဂိုးသမား ေကာ္တို႔စ္ လက္စြမ္းမျပနိုင္ခဲ့ပါဘူး။ သေရရလဒ္က ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြအတြက္ မခံခ်င္စရာ ေကာင္းေနပါတယ္။

ရီးရဲလ္နည္းၿပ ဇီဒန္းကလည္း အသင္းခံစစ္ ဆိုးရြားမႈကို ေတာ္ေတာ္ေလး စိတ္ပ်က္ေနပါတယ္။ နည္းျပဇီဒန္းက ” ပထမေပးလိုက္ရတဲဲ့ဂိုးက သိပ္ကိုရယ္စရာေကာင္းပါတယ္။ တစ္မွတ္ရလို႔ ေပ်ာ္တာမ်ိဳး မရွိပါဘူး။ ကစားသမားေတြရဲ့ တုံ႔ျပန္ကစားႏိုင္မႈကိုေတာ့ ကၽြန္ေတာ္သေဘာက်ပါတယ္။ ပထမပိုင္းေျခစြမ္းက အရမ္းညံ့တယ္။ ပြဲကို အာ႐ုံမစိုက္နိုင္ဘူး။ သူတို႔ ပထမဂိုးသြင္းလိုက္တာက ခံစစ္က ဟာသပဲ ” လို႔ ျပစ္တင္ေျပာၾကားခဲ့ပါတယ္။

ေနာက္ခံလူရာမို႔စ္က ” ဆိုးရြားတဲ့ရလဒ္ပါပဲ။ ဒါေပမဲ့ တုံ႔ျပန္မႈေတာ့ ေကာင္းခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ အေကာင္းျမင္ထားပါတယ္ ” လို႔ ဆိုပါတယ္။

 

(Unicode)

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဘရုဂျက်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အသင်းခံစစ် ရယ်စရာကောင်းကြောင်း ပြစ်တင်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး နည်းပြဇီဒန်းတစ်ယောက် ဖိအားတွေ ရင်ဆိုင်နေရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက် အုပ်စုဒုတိယပွဲအဖြစ် အိမ်ကွင်းကစားခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ အိမ်ကွင်းမှာ နောက်ကနေတောင် လိုက်ကစားခဲ့ရပြီး ကံကောင်းလို့ သရေကျခဲ့တာပါ။ ဘရုဂျက်ဟာ ဦးဆောင်ဂိုးတွေတောင်ရခဲ့ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အရှုံးကနေ သရေရအောင် ကစားခဲ့ရတာက မဖြစ်သင့်ပါဘူး။ ရီးရဲလ်ခံစစ်ဟာ တော်တော်လေး ဆိုးရွားခဲ့ပြီး မပေးသင့်တဲ့ဂိုးတွေ ပေးခဲ့ရတဲ့အပြင် ဂိုးသမား ကော်တို့စ် လက်စွမ်းမပြနိုင်ခဲ့ပါဘူး။ သရေရလဒ်က ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် မခံချင်စရာ ကောင်းနေပါတယ်။
ရီးရဲလ်နည်းပြ ဇီဒန်းကလည်း အသင်းခံစစ် ဆိုးရွားမှုကို တော်တော်လေး စိတ်ပျက်နေပါတယ်။ နည်းပြဇီဒန်းက ” ပထမပေးလိုက်ရတဲဲ့ဂိုးက သိပ်ကိုရယ်စရာကောင်းပါတယ်။ တစ်မှတ်ရလို့ ပျော်တာမျိုး မရှိပါဘူး။ ကစားသမားတွေရဲ့ တုံ့ပြန်ကစားနိုင်မှုကိုတော့ ကျွန်တော်သဘောကျပါတယ်။ ပထမပိုင်းခြေစွမ်းက အရမ်းညံ့တယ်။ ပွဲကို အာရုံမစိုက်နိုင်ဘူး။ သူတို့ ပထမဂိုးသွင်းလိုက်တာက ခံစစ်က ဟာသပဲ ” လို့ ပြစ်တင်ပြောကြားခဲ့ပါတယ်။
နောက်ခံလူရာမို့စ်က ” ဆိုးရွားတဲ့ရလဒ်ပါပဲ။ ဒါပေမဲ့ တုံ့ပြန်မှုတော့ ကောင်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းမြင်ထားပါတယ် ” လို့ ဆိုပါတယ်။