champion league

ဒီႏွစ္ ဒိုေလး ခ်န္ပီယံလိဂ္ရႏိုင္တဲ့ အခ်က္ ၄ ခ်က္

Goal Goal > October 8, 2019

စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စံခ်ိန္မွတ္တမ္းေပါင္းမ်ားစြာ ရယူတည္ေဆာက္ထားႏိုင္တဲ့ ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ ရီးယဲလ္မက္ဒရစ္ကစားသမားဘဝ သူ႔ရဲ႕ခ်န္ပီယံလိဂ္မွတ္တမ္းေတြဟာ အခမ္းနားဆုံးျဖစ္ခဲ့သလို မန္ယူအသင္း ခ်န္ပီယံလိဂ္ဖလားကို ရယူခဲ့စဥ္ကလည္း သူ႔ရဲ႕သြင္းဂိုးေတြက အေရးပါခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုကို ဘာေၾကာင့္ ယူ႐ိုသန္းတစ္ရာနဲ႔ေခၚယူခဲ့သလဲဆိုတာကို ဂ်ဴဗင္တပ္စ္အသင္းဖက္ကလည္း အတိအလင္းေျပာၾကားထားၿပီးျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရယူႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ေရာ္နယ္ဒိုဟာ ၁၆ သင္းရွံူးထြက္အဆင့္မွာ အက္တလက္တီကိုဖက္ကို Hat-trick သြင္းယူၿပီး အသင္းကိုေနာက္တစ္ဆင့္တက္ေစခဲ့ေပမယ့္ ကြာတားဖိုင္နယ္မွာေတာ့ လူငယ္ေတြနဲ႔ေျခစြမ္းျပႏိုင္တဲ့ ေအဂ်က္ဇ္ကို မေက်ာ္ႏိုင္ခဲ့ပါဘူး။ ဒီႏွစ္ေဘာလုံးရာသီမွာေရာ ေရာ္နယ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မလားဆိုတာကေတာ့ အတိအက်ေျပာဖို႔ ေစာလြန္းေနပါေသးတယ္။ ဒါေပမယ့္ ဒီႏွစ္ေရာ္နယ္ဒို ခ်န္ပီယံလိဂ္ဖလားရႏိုင္တဲ့ အခ်က္ ၄ ခ်က္ကိုေတာ့ အခုလိုပဲေတြ႕ရွိႏိုင္ပါတယ္။၁။ ေနာက္ဆုံးပိတ္အိတ္နဲ႔လြယ္
ဒီႏွစ္မွာ ေရာ္နယ္ဒိုဟာ အသက္ ၃၄ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ ေနာက္တစ္ႏွစ္ေလာက္ဆိုရင္ ေရာ္နယ္ဒိုကို ဦးေဆာင္ကစားသမားတစ္ေယာက္အျဖစ္ ေတြ႕ျမင္ရဖို႔ မေသခ်ာေတာ့ပါဘူး။ ေရာ္နယ္ဒိုရဲ႕ေျခစြမ္းနဲ႔ စိတ္ဓာတ္ျပင္းျပမႈက သံသယျဖစ္စရာမရွိေပမယ့္လည္း အသက္ ၃၅ ႏွစ္အ႐ြယ္ ကစားသမားတစ္ေယာက္က ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ဥေရာပေဘာလုံးေလာကမွာ အဓိက,ကစားသမားတစ္ေယာက္အျဖစ္ ဆက္လက္ရပ္တည္ဖို႔ခက္ခဲပါတယ္။ ပုံမွန္ပြဲထြက္ခြင့္ေတြရၿမဲရေနမွာ၊ ဂိုးေတြသြင္းၿမဲသြင္းေနမွာေတာ့ေသခ်ာေပမယ့္ အခုလို အဓိကကစားသမားအျဖစ္ ဆက္ရွိေနဖို႔ကေတာ့ ေမးခြန္းထုတ္စရာရွိပါတယ္။ ဒါကိုေရာ္နယ္ဒိုကိုယ္တိုင္လည္း ႀကိဳတင္စဥ္းစားၿပီးျဖစ္ႏိုင္တာမို႔ သူ႔ရဲ႕ အျပင္းထန္ဆုံး႐ုန္းကန္အားကို ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။၂။ မက္ဆီ ကမာၻ႔အေကာင္းဆုံးဆုရရွိခဲ့ျခင္း
ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ၿပိဳင္ဆိုင္မႈမရွိပါဘူးလို႔ အျပန္အလွန္ျငင္းခ်က္ထုတ္ေနၾကေပမယ့္လည္း တစ္ေယာက္က ဆုဖလားေတြ၊ တစ္ဦးခ်င္းဆုတံဆိပ္ေတြရရွိျခင္းဟာ က်န္တစ္ေယာက္ကို တြန္းအားျဖစ္ေစမွာေသခ်ာလွပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကအထိ ကမာၻ႔အေကာင္းဆုံးကစားသမားဆုအေရအတြက္မွာ ေရာ္နယ္ဒိုနဲ႔မက္ဆီ အတူတူျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ မက္ဆီက တစ္ႀကိမ္အသာရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ဒါဟာ ေရာ္နယ္ဒိုအတြက္ တြန္းအားေနာက္တစ္ရပ္ပါပဲ။၃။ နည္းျပဆာရီ
ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း အယ္လီဂရီဟာ ခံစစ္ကိုပိုမိုဂ႐ုစိုက္တတ္တဲ့ နည္းျပတစ္ဦးျဖစ္ပါတယ္။ အခုနည္းျပဆာရီကေတာ့ အယ္လီဂရီနဲ႔ အနည္းငယ္ျခားနားမႈရွိၿပီး တိုက္စစ္ကိုပိုမိုအားသန္ပါတယ္။ ေရာ္နယ္ဒိုဟာလည္း တိုက္စစ္အားသန္ကစားကြက္မ်ိဳးမွာ ပိုမိုေျခစြမ္းျပေလ့ရွိတာေၾကာင့္ မႏွစ္ကထက္စာရင္ ဒီႏွစ္ေဘာလုံးရာသီမွာ ဂိုးေတြပိုရလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ နည္းျပဆာရီကိုယ္တိုင္ကလည္း ေရာ္နယ္ဒို စံခ်ိန္တင္ဂိုးေတြရေအာင္ ကူညီေပးသြားမယ္လို႔ အတိအလင္းေျပာၾကားထားခဲ့တာပါ။၄။ ဂ်ဴဗင္တပ္စ္အသင္း ပိုမိုအင္အားေတာင့္တင္းလာျခင္း
မႏွစ္ကလူစာရင္းကို ဒီလစ္၊ ဟီဂူအင္၊ ဘတ္ဖြန္၊ လူကာပယ္လီဂရီနီနဲ႔ ဒါနီလိုတို႔ကိုေပါင္းထည့္လိုက္တဲ့အခါ ဂ်ဴဗင္တပ္စ္အသင္းဟာ စာ႐ြက္ေပၚကလူစာရင္းမွာ ပိုမိုအင္အားေတာင့္တင္းသြားရပါတယ္။ ေရာ္နယ္ဒိုဟာ အဓိကကစားသမားတစ္ေယာက္အျဖစ္ ရွိေနဆဲျဖစ္ေပမယ့္ ဒီကစားသမားေတြရဲ႕ ဝန္းရံပံ့ပိုးမႈကိုလည္း ေမ့မထားသင့္ပါဘူး။ လက္ရွိဂ်ဴဗင္တပ္စ္ရဲ႕လူစာရင္းဟာ တကယ္သာ အခ်ိတ္အဆက္မိသြားၿပီဆိုရင္ ေၾကာက္စရာေကာင္းတဲ့အေနအထားမ်ိဳးမွာရွိေနတာ အေသအခ်ာပါပဲ။

 

Unicode

စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်မှတ်တမ်းပေါင်းများစွာ ရယူတည်ဆောက်ထားနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်ကစားသမားဘဝ သူ့ရဲ့ချန်ပီယံလိဂ်မှတ်တမ်းတွေဟာ အခမ်းနားဆုံးဖြစ်ခဲ့သလို မန်ယူအသင်း ချန်ပီယံလိဂ်ဖလားကို ရယူခဲ့စဉ်ကလည်း သူ့ရဲ့သွင်းဂိုးတွေက အရေးပါခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အပြောင်းအရွှေ့စျေးကွက်မှာ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုကို ဘာကြောင့် ယူရိုသန်းတစ်ရာနဲ့ခေါ်ယူခဲ့သလဲဆိုတာကို ဂျူဗင်တပ်စ်အသင်းဖက်ကလည်း အတိအလင်းပြောကြားထားပြီးဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူနိုင်ဖို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ရော်နယ်ဒိုဟာ ၁၆ သင်းရှံူးထွက်အဆင့်မှာ အက်တလက်တီကိုဖက်ကို Hat-trick သွင်းယူပြီး အသင်းကိုနောက်တစ်ဆင့်တက်စေခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာတော့ လူငယ်တွေနဲ့ခြေစွမ်းပြနိုင်တဲ့ အေဂျက်ဇ်ကို မကျော်နိုင်ခဲ့ပါဘူး။ ဒီနှစ်ဘောလုံးရာသီမှာရော ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာကတော့ အတိအကျပြောဖို့ စောလွန်းနေပါသေးတယ်။ ဒါပေမယ့် ဒီနှစ်ရော်နယ်ဒို ချန်ပီယံလိဂ်ဖလားရနိုင်တဲ့ အချက် ၄ ချက်ကိုတော့ အခုလိုပဲတွေ့ရှိနိုင်ပါတယ်။

၁။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်

ဒီနှစ်မှာ ရော်နယ်ဒိုဟာ အသက် ၃၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နောက်တစ်နှစ်လောက်ဆိုရင် ရော်နယ်ဒိုကို ဦးဆောင်ကစားသမားတစ်ယောက်အဖြစ် တွေ့မြင်ရဖို့ မသေချာတော့ပါဘူး။ ရော်နယ်ဒိုရဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်ပြင်းပြမှုက သံသယဖြစ်စရာမရှိပေမယ့်လည်း အသက် ၃၅ နှစ်အရွယ် ကစားသမားတစ်ယောက်က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဥရောပဘောလုံးလောကမှာ အဓိက,ကစားသမားတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်ဖို့ခက်ခဲပါတယ်။ ပုံမှန်ပွဲထွက်ခွင့်တွေရမြဲရနေမှာ၊ ဂိုးတွေသွင်းမြဲသွင်းနေမှာတော့သေချာပေမယ့် အခုလို အဓိကကစားသမားအဖြစ် ဆက်ရှိနေဖို့ကတော့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒါကိုရော်နယ်ဒိုကိုယ်တိုင်လည်း ကြိုတင်စဉ်းစားပြီးဖြစ်နိုင်တာမို့ သူ့ရဲ့ အပြင်းထန်ဆုံးရုန်းကန်အားကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။

၂။ မက်ဆီ ကမ္ဘာ့အကောင်းဆုံးဆုရရှိခဲ့ခြင်း

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှုမရှိပါဘူးလို့ အပြန်အလှန်ငြင်းချက်ထုတ်နေကြပေမယ့်လည်း တစ်ယောက်က ဆုဖလားတွေ၊ တစ်ဦးချင်းဆုတံဆိပ်တွေရရှိခြင်းဟာ ကျန်တစ်ယောက်ကို တွန်းအားဖြစ်စေမှာသေချာလှပါတယ်။ ပြီးခဲ့တဲ့နှစ်ကအထိ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအရေအတွက်မှာ ရော်နယ်ဒိုနဲ့မက်ဆီ အတူတူဖြစ်ပေမယ့် ဒီနှစ်မှာတော့ မက်ဆီက တစ်ကြိမ်အသာရရှိခဲ့ပြီဖြစ်တာကြောင့် ဒါဟာ ရော်နယ်ဒိုအတွက် တွန်းအားနောက်တစ်ရပ်ပါပဲ။

၃။ နည်းပြဆာရီ

ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီဟာ ခံစစ်ကိုပိုမိုဂရုစိုက်တတ်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ အခုနည်းပြဆာရီကတော့ အယ်လီဂရီနဲ့ အနည်းငယ်ခြားနားမှုရှိပြီး တိုက်စစ်ကိုပိုမိုအားသန်ပါတယ်။ ရော်နယ်ဒိုဟာလည်း တိုက်စစ်အားသန်ကစားကွက်မျိုးမှာ ပိုမိုခြေစွမ်းပြလေ့ရှိတာကြောင့် မနှစ်ကထက်စာရင် ဒီနှစ်ဘောလုံးရာသီမှာ ဂိုးတွေပိုရလာမယ်လို့ မျှော်လင့်ရပါတယ်။ နည်းပြဆာရီကိုယ်တိုင်ကလည်း ရော်နယ်ဒို စံချိန်တင်ဂိုးတွေရအောင် ကူညီပေးသွားမယ်လို့ အတိအလင်းပြောကြားထားခဲ့တာပါ။

၄။ ဂျူဗင်တပ်စ်အသင်း ပိုမိုအင်အားတောင့်တင်းလာခြင်း

မနှစ်ကလူစာရင်းကို ဒီလစ်၊ ဟီဂူအင်၊ ဘတ်ဖွန်၊ လူကာပယ်လီဂရီနီနဲ့ ဒါနီလိုတို့ကိုပေါင်းထည့်လိုက်တဲ့အခါ ဂျူဗင်တပ်စ်အသင်းဟာ စာရွက်ပေါ်ကလူစာရင်းမှာ ပိုမိုအင်အားတောင့်တင်းသွားရပါတယ်။ ရော်နယ်ဒိုဟာ အဓိကကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲဖြစ်ပေမယ့် ဒီကစားသမားတွေရဲ့ ဝန်းရံပံ့ပိုးမှုကိုလည်း မေ့မထားသင့်ပါဘူး။ လက်ရှိဂျူဗင်တပ်စ်ရဲ့လူစာရင်းဟာ တကယ်သာ အချိတ်အဆက်မိသွားပြီဆိုရင် ကြောက်စရာကောင်းတဲ့အနေအထားမျိုးမှာရှိနေတာ အသေအချာပါပဲ။