champion league

ချယ်ဆီးကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ရောက်မယ်လို့ မူလာနဲ့ နျူအာတို့ယုံကြည်

Goal Goal > December 18, 2019

ဘိုင်ယန်မြူးနစ်ကစားသမားတွေဖြစ်တဲ့မူလာနဲ့ နျူအာတို့က သူတို့အသင်းအနေနဲ့ချန်ပီယံလိဂ် ၁၆ သင်းရှုံး ထွက်အဆင့်မှာ ချယ်ဆီးကိုကျော်ဖြတ်ပြီးကွာတားဖိုင်နယ်ကို ရောက်မယ်လို့ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံဟောင်း ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်ရှုံးထွက်မှာချယ်ဆီးနဲ့ အကြိတ်အနယ် ကစားရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးအတွက် အင်မတန်အရေးပါနေပြီးဖိအားတွေနဲ့ ကစားကြရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ၂၀၁၁-၁၂ ဘောလုံးရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချယ်ဆီးအသင်းနဲ့ကစားခဲ့ရပြီး ချယ်ဆီးကပဲပင်နယ်တီနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပါတယ်။ ဂျာမန်ကစားသမားတွေ ဖြစ်တဲ့ မူလာနဲ့နျူအာတို့ဟာအာ့ဒီနှစ်ကဗိုလ်လုပွဲမှာ အသည်းကွဲခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာနည်းပြအပြောင်းအလဲပြုလုပ်ထားပါတယ်။ ဘိုင်ယန်ဟာနည်းပြကို ဗက်ရဲ့နေရာမှာယာယီနည်းပြအဖြစ် ဖလစ်ခ်ကိုတာဝန်ပေးထားတယ်။ ဖလစ်ခ်ရဲ့လက်အောက်မှာဘိုင်ယန်ဟာ ခြေစွမ်းမှန်ပြန်ရကာ ယုံကြည်မှုလည်းအားကောင်းနေတယ်လို့ ဂိုးသမားနျူအာကယုံကြည်နေပါတယ်။

နျူအာက “လန်ဒန်မှာရလဒ်ကောင်းဖို့အတွက်ပဲသွားမှာပါ။ အာ့ဒီမှာ ကျွန်တော်တို့အတွေ့အကြုံ ကောင်းတွေလည်းရှိပါတယ်။ ချယ်ဆီးဟာအန္တရာယ်များတဲ့ကလပ်ပါ။ ကျွန်တော်တို့အနေနဲ့သူတို့နဲ့ပွဲအတွက် သေသေချာချာ ပြင်ဆင်ပြီးပုံစံကောင်းနဲ့ချဉ်းကပ်ရမယ်။ နောက်တစ်ဆင့် တက်ချင်တယ်။ အဲ့ဒီအတွက်လည်း ယုံကြည်မှုအပြည့်ရှိတယ်။ သူတို့နဲ့ကစားရမှာဖြစ်လို့ ပျော်ပါတယ်”လို့ဆိုပါတယ်။

မူလာက “ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာအသင်းငယ်ဆိုတာမရှိပါဘူး။ ကျွန်တော်တို့ယုံကြည်မှု အပြည့်ရှိတယ်။ ဒီမဲခွဲမှု ရလဒ်ကိုအကောင်းမြင်ပါတယ်။ ကျွန်တော်တို့အသင်းပဲ ကွာတားဖိုင်နယ်ကိုတက်ဖို့ရေပန်းစားချင်တယ်`လို့ဆိုပါတယ်။