champion league

လီဝန်ဒေါစကီး၊ တီမိုဝါနာနဲ့ အင်မိုဘိုင်းလ်တို့ အပြိုင်ဖြစ်လာတဲ့ ဥရောပရွှေဖိနပ်ဆု

Goal Goal > December 18, 2019

တိုက်စစ်မှူးတချို့ တောက်လျှောက်ခြေစွမ်းပြဂိုးတွေ သွင်းယူနေခြင်းနဲ့အတူ ဥရောပရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေခဲ့တာ တွေ့ရပါတယ်။
လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါတိုက်စစ်မှူးတွေဖြစ်ကြတဲ့ လီဝန်ဒေါစကီးနဲ့ တီမိုဝါနာတို့က သွင်းဂိုး ၁၈ ဂိုးစီနဲ့ ပူးတွဲဦးဆောင်လျက်ရှိနေပါတယ်။
လာဇီယိုတိုက်စစ်မှူး အင်မိုဘိုင်းလ်ကတော့ တစ်ဂိုးအကွာ သွင်းဂိုး ၁၇ ဂိုးနဲ့ ပူးတွဲတတိယနေရာမှာ ရပ်တည်နေခဲ့ပြီး သူ့ရဲ့နောက်မှာတော့ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီ ၁၆ ဂိုး ဖြစ်ပါတယ်။
အဲဒီနောက်မှာ လာလီဂါကစားသမားတွေဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီနဲ့ ဘန်ဇီမာတို့က သွင်းဂိုး ၁၂ ဂိုးစီနဲ့ ပူးတွဲရပ်တည်လျက် ရှိနေပါတယ်။ သူတို့ရဲ့နောက်မှာတော့ အူဘာမီယန်း၊ အက်ဘရာဟမ်တို့နဲ့အတူ မိုနာကိုတိုက်စစ်မှူး ဘင်ယက်ဒါတို့က သွင်းဂိုး ၁၁ ဂိုးစီနဲ့ ပူးတွဲရပ်တည်နေခဲ့ပြန်ပါတယ်။ စီးရီးအေသွင်းဂိုး ၉ ဂိုး ရရှိထားပြီဖြစ်တဲ့ ရော်နယ်ဒိုဟာလည်း ထိပ်ဆုံးကစားသမားအယောက် ၂၀ စာရင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဥရောပရွှေဖိနပ်ဆု တန်းစီဇယားကိုတော့ အခုလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
၁။ လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်) ၊ တီမိုဝါနာ (လိုက်ပဇစ်) ၁၈ ဂိုး
၃။ အင်မိုဘိုင်းလ် (လာဇီယို) ၁၇ ဂိုး
၄။ ဂျေမီဗာဒီ (လက်စတာ) ၁၆ ဂိုး
၅။ မက်ဆီ (ဘာစီလိုနာ) ၊ ဘန်ဇီမာ (ရီးယဲလ်) ၁၂ ဂိုး
၇။ အူဘာမီယန်း (အာဆင်နယ်) ၊ အက်ဘရာဟမ် (ချယ်လ်ဆီး) ၊ ဘင်ယက်ဒါ (မိုနာကို) ၁၁ ဂိုး