champion league

စူပါကွန်ပျူတာရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ခန့်မှန်းမှု လီဗာပူး၊ စပါးနဲ့ ချယ်ဆီး အကုန်ပြုတ်

Goal Goal > December 18, 2019

ဒီရာသီ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲတွေ ထွက်ပေါ်လာပြီးနောက် ပွဲတိုင်းက ထင်ထားတာထက်အောင် ပြိုင်ဆိုင်မှု ပြင်းထန်မှာ သေချာနေတာကို တွေ့ရပါတယ်။ ၁၆ သင်းအဆင့်မှာပဲ ထိတ်ထိတ်ကြဲအသင်း နှစ်သင်းရှိရင် တစ်သင်း ပြုတ်ကျန်ခဲ့မယ့် အနေအထားလည်း ဖြစ်ပါတယ်။ လက်ရှိချန်ပီယံလ ီဗာပူးအသင်းက အက်သလက်တီကိုနဲ့ ကစားရမှာဖြစ်ပြီး ဇီဒန်းနဲ့ ဂွာဒီယိုလာတို့လည်း ထိပ်တိုက်ဆုံနေပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေက ၁၆ သင်းရှုံးထွက်မှာ ဘယ်အသင်းက နောက်တစ်ဆင့်ကို တက်မယ် ဘယ်အသင်းကတော့ ကျန်ရစ်မလဲဆိုတာကို သုံးသပ်ပြောကြားမှုတွေရှိနေချိန် စူပါကွန်ပျူတာကလည်း ခန့်မှန်းခဲ့ပြန်ပါတယ်။ စူပါကွန်ပျူတာရဲ့ခန့်မှန်းမှုအရ လက်ရှိချန်ပီယံ လီဗာပူးအသင်းအပြင် ချယ်ဆီးနဲ့ စပါးတို့လည်း အကုန်ပြုတ်ကျန်မယ်လို့ သိရပါတယ်။
စူပါကွန်ပျူတာခန့်မှန်းမှုက ပီအက်စ်ဂျီဟာ ပထမအကျော့ ဒေါ့မွန်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဒုတိယအကျော့မှာလည်း ၂ ဂိုး ၁ ဂိုးနဲ့ပဲ နိုင်မယ်လို့ သိရပါတယ်။ စူပါကွန်ပျူတာက မန်စီးတီးကိုတော့ နောက်တစ်ဆင့် ပို့ထားပါတယ်။ မန်စီးတီးဟာ ပထမအကျော့ စပိန်မှာ ရီးရဲလ်ကို ၁ ဂိုးစီ သရေကစားကာ ဒုတိယအကျော့ အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်မယ်လို့ ခန့်မှန်းပါတယ်။ အတ္တလန္တာကတော့ ပထမအကျော့ အိမ်ကွင်းမှာ ဗလင်စီယာကို တစ်ဂိုးစီ သရေကစားပြီး ဒုတိယအကျော့ စပိန်မြေမှာ ၂ ဂိုး ၁ ဂိုးနဲ့ရှုံးမယ်လို့ စူပါကွန်ပျူတာက ဖော်ပြပါတယ်။ လက်ရှိချန်ပီယံ လီဗာပူးဟာ အက်သလက်တီကိုကွင်းမှာ ၁ ဂိုး ဂိုးမရှိ ရှုံးပြီး အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်မယ်လို့ သိရပါတယ်။ လီဗာပူးဟာ အဝေးဂိုးနဲ့ ပြုတ်ကျန်မှာဖြစ်ပါတယ်။
ဘိုင်ယန်က ချယ်ဆီးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အိမ်ကွင်းမှာ ၂ ဂိုးပြတ်နိုင်မယ်လို့ စူပါကွန်ပျူတာက ဆိုပါတယ်။ ဂျူဗင်တပ်က လိုင်ယွန်ကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး အဝေးကွင်းမှာလည်း ၂ ဂိုး ၁ ဂိုးနဲ့ နိုင်မှာပါ။ စပါးက အိမ်ကွင်းမှာ လိုက်ပ်ဇစ်ကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဂျာမန်မြေမှာ ၁ ဂိုး ဂိုးမရှိ ရှုံးနိမ့်မှာပါ။ ဘာစီလိုနာက နာပိုလီကွင်းမှာ ၃ ဂိုးပြတ်နိုင်ပြီး အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့နိုင်မှာပါ။