champion league

၂၀၂၀ ခုနှစ်အတွင်း ဂိုးသွင်းနှုန်းမှာ မက်ဆီကို ဒိုလေးအပြတ်အသတ်အသာရနေ

Goal Goal > February 4, 2020

ရာသီအစပိုင်းမှာ ဂိုးသွင်းနှုန်းကျဆင်းနေခဲ့တဲ့ ရော်နယ်ဒိုဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ခြေစွမ်းပြန်လည်ပြသလာခဲ့ပြီး ဂိုးတွေတဒိုင်းဒိုင်းသွင်းယူနေခဲ့ပါတယ်။ စီးရီးအေ ၉ ပွဲဆက်တိုက် ဂိုးသွင်းထားခဲ့သူရော်နယ်ဒိုဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ဂျူဗင်တပ်စ်အသင်းအတွက် ၆ ပွဲကစားပေးထားပြီး သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဒါကြောင့် ရော်နယ်ဒိုရဲ့ ဒီနှစ်ဘောလုံးရာသီ စီးရီးအေသွင်းဂိုးအရေအတွက်ဟာ ၁၉ ဂိုးထိရှိလာခဲ့ပြီဖြစ်ပြီး ၂၅ ဂိုးသွင်းယူထားတဲ့ အင်မိုဘိုင်းလ်ကို လိုက်လံဖိအားပေးလျက်ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ရော်နယ်ဒိုရဲ့ဂိုးသွင်းနှုန်းဟာ မြို့ခံပြိုင်ဖက်မက်ဆီထက် အပြတ်အသတ် အသာစီးရနေခဲ့တာကိုလည်းတွေ့ရပါတယ်။ မက်ဆီကတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဘာစီလိုနာအတွက် ၆ ပွဲပါဝင်ကစားခဲ့ရာမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီရဲ့ ဂိုးဖန်တီးမှုတွေကိုတော့ တွေ့မြင်နေခဲ့ရပြီး လီဗန်တေးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆယ်ကျော်သက်တိုက်စစ်မှူးလေးအန်ဆူဖာတီရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို မက်ဆီက ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ သူ့ရဲ့ဂိုးဖန်တီးမှုက စုစုပေါင်း ၃ ကြိမ်ထိရှိလာခဲ့ပါတယ်။လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါနောက်ဆုံး ၄ ပွဲမှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့တဲ့အတွက် ဥရောပရွှေဖိနပ်ဆုအတွက် တန်းစီဇယားမှာလည်း တဖြည်းဖြည်းနောက်ကိုပိုရောက်လာခဲ့ပြီး စီးရီးအေမှာ ဂိုးတွေဆက်တိုက်သွင်းယူနေခဲ့သူရော်နယ်ဒိုကတော့ ဥရောပရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကဦးဆောင်နေသူများကို ဖိအားပေးနိုင်တဲ့အနေအထားကိုရောက်လာခဲ့ပါတယ်။ဥရောပရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကဦးဆောင်နေသူကတော့ လာဇီယိုတိုက်စစ်မှူးအင်မိုဘိုင်းလ်(၂၅ ဂိုး)ဖြစ်ပြီး ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးက သွင်းဂိုး ၂၂ ဂိုးနဲ့ အနီးစပ်ဆုံးလိုက်လံဖိအားပေးနေပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ စွမ်းဆောင်ရည်အနေအထားကိုတော့ အခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်။ရော်နယ်ဒို
ပွဲ – ၆ ပွဲ
သွင်းဂိုး – ၁၀ ဂိုး
ဂိုးဖန်တီးမှု – ၁ ကြိမ်မက်ဆီ
ပွဲ – ၆ ပွဲ
သွင်းဂိုး – ၄ ဂိုး
ဂိုးဖန်တီးမှု – ၃ ကြိမ်