champion league

အက်တလက်တီကိုနှင့်ပွဲမှ လီဗာပူးကစားသမားများ စွမ်းဆောင်ရည်သုံးသပ်ချက်

Goal Goal > March 12, 2020

အက်ဒရီယန် – ၄ မှတ်
အက်တလက်တီကိုရဲ့ အဖိုးတန်ချေပဂိုးဟာ သူ့ရဲ့အမှားကြောင့်ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံးမိနစ်ဂိုးကလည်း သူ့တာဝန်မကင်းခဲ့ပါဘူး။
အာနိုးလ် – ၇ မှတ်
ညာတောင်ပံတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး တိုက်စစ်ကို လိုက်ပါပံ့ပိုးနိုင်ခဲ့ပါတယ်။
ဂျိုးဂိုမက်ဇ် – ၆ မှတ်
မိနစ် ၉၀ အတွင်း အက်တလက်တီကိုရဲ့ခြိမ်းခြောက်မှုတချို့ကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ပါတယ်။ဗန်ဒိုက် – ၇ မှတ်
သူကစားနေကျပုံစံအတိုင်း ခံစစ်ကြောင်းတစ်ခုလုံးကို ဦးဆောင်သွားခဲ့ပါတယ်။
ရော်ဘတ်ဆန် – ၇ မှတ်
တိုက်စစ်ကို တောက်လျှောက်လိုက်ပါပံ့ပိုးခဲ့ပြီး အပိုင်ခေါင်းတိုက်ချက်တစ်ကြိမ် ဘားတန်းထိသွားတာကြောင့် နစ်နာခဲ့ရပါတယ်။
ချန်ဘာလိန် – ၆ မှတ်
ကွင်းလယ်နဲ့တိုက်စစ်ကို လုပ်အားနှုန်းကောင်းကောင်းနဲ့ ချိတ်ဆက်ကစားပေးခဲ့ပါတယ်။ဟန်ဒါဆန် – ၇ မှတ်
ဒဏ်ရာသက်သာလာချိန်မှာ ကွင်းလယ်ကိုအကောင်းဆုံး ဦးဆောင်သွားခဲ့ပါတယ်။
ဝစ်နယ်လ်ဒမ် – ၈ မှတ်
အသင်းအတွက် အရေးပါတဲ့အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အက်တလက်တီကိုကွင်းလယ်ကို အကောင်းဆုံးယှဉ်ကစားနိုင်ခဲ့ပါတယ်။
ဆာလာ – ၆ မှတ်
ရီနန်လိုဒီကို တောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတချို့ လွဲချော်ခဲ့ပါတယ်။မာနေး – ၇ မှတ်
အက်တလက်တီကိုခံစစ်ကို တောက်လျှောက်ခြိမ်းခြောက်ခဲ့ပြီး ဂိုးရဖို့လည်း အကြိမ်ကြိမ်အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဖာမီနို – ၇ မှတ်
သွင်းဂိုးတစ်ဂိုးကလွဲလို့ ဖာမီနိုရဲ့ အကောင်းဆုံးပုံစံကို တွေ့မြင်ခဲ့ရခြင်းမရှိပါဘူး။